မူဆယ်ဆွေးနွေးပွဲနဲ့ အပစ်ရပ်သက်တမ်းတိုးမှု တရုတ်သံရုံးကြိုဆို

2019-05-03
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ၂၀၁၉ ဧပြီ ၃၀ ရက်နေ့က မူဆယ်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ်
မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ၂၀၁၉ ဧပြီ ၃၀ ရက်နေ့က မူဆယ်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ်
Photo: Kan Thar/RFA

မူဆယ်မြို့မှာ ဧပြီလ ၃ဝ ရက်နေ့က မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၄ ဖွဲ့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့တာနဲ့ မြန်မာ့တပ်မတော်က အပစ်အခတ်ရပ်စဲရေးကို နောက်ထပ် ၂ လ တိုးမြှင့်သတ်မှတ် ခဲ့တာတွေဟာ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးအတွက် လမ်းကြောင်းမှန် တိုးတက်မှုတွေဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ကြေညာချက်တစောင် မနေ့က ထုတ်ပြန်ကြိုဆိုလိုက်ပါတယ်။

တဆက်တည်းမှာပဲ အခုလို တပ်မတော်က အပစ်အခတ် ရပ်စဲထားတဲ့ကာလအတွင်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ဆူပူမှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် စိတ်ရှည်သည်းခံစိတ်ထားပြီး ထင်သာမြင်သာရှိတဲ့ တိုးတက်မှုတွေရရှိအောင် ဖြေရှင်းကြဖို့ တိုက်တွန်းပါကြောင်းနဲ့ တရုတ်-မြန်မာနယ်ခြားဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း တရုတ်နိုင်ငံသံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ ကြေညာချက်မှာ မြန်မာနိုင်ငံမြောက်ပိုင်း တရုတ် မြန်မာနယ်စပ်ဒေသကို ၄ ကြိမ် ရည်ညွန်းဖော်ပြထားပေမယ့် ရခိုင်ပြည်နယ်အမည်ကိုတော့ ထည့်သွင်းရေးသားထားခြင်း မရှိပါဘူး။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့