တရုတ် မြန်မာ ပိုမို ပူးပေါင်းရေး ပေကျင်းမြို့မှာ ဆွေးနွေး

2015-09-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကမ္ဘာ့ဖက်ဆစ်စနစ်ဆန့်ကျင်မှုအောင်မြင်သည့် နှစ်(၇ဝ)ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင့်တို့ကို စက်တင်ဘာလ ၄ ရက်နေ့က ပေကျင်းမြို့ရှိ တီယန်မန်ရင်ပြင် ပြည်သူ့ခန်းမဆောင်ကြီး၌ တွေ့ရစဉ်
ကမ္ဘာ့ဖက်ဆစ်စနစ်ဆန့်ကျင်မှုအောင်မြင်သည့် နှစ်(၇ဝ)ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင့်တို့ကို စက်တင်ဘာလ ၄ ရက်နေ့က ပေကျင်းမြို့ရှိ တီယန်မန်ရင်ပြင် ပြည်သူ့ခန်းမဆောင်ကြီး၌ တွေ့ရစဉ်
Photo: MOI Webportal Myanmar ( Facebook )

တရုတ်သမ္မတ ရှီကျင့်ဖျင့်က သမ္မတ ဦးသိန်းစိန်နဲ့ မနေ့ကတွေ့ဆုံရာမှာ မြန်မာပြည်နဲ့ တရုတ်ပြည်အကြား ပူးတွဲစီမံကိန်းတွေကို တိုးချဲ့ဆောင်ရွက်လိုပါကြောင်း နဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့်  နယ်စပ်ဒေသ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ယဉ်ကျေးမှုဖလှယ်ရေး ဆိုင်ရာကဏ္ဍတွေကိုလည်း မြှင့်တင်လိုပါကြောင်း ပြောကြားလိုက် ပါတယ်။

ဒုတိယကမ္ဘာစစ်  ပြီးဆုံးခြင်း အနှစ် ၇ဝ မြောက်အခမ်းအနား တက်ရောက်ခဲ့တဲ့   မြန်မာသမ္မတ ဦးသိန်းစိန်ကို ပေဂျင်းမြို့မှာ မနေ့က လက်ခံတွေ့ဆုံစဉ် တရုတ် သမ္မတ က အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာ သမ္မတ ဦးသိန်းစိန်ကလည်း မြန်မာပြည်အနေနဲ့ အခြေခံအဆောက်အအုံတွေ တိုးတက်မြင့်မားရေး အပါအဝင် လက်တွေ့အကျိုးရှိမယ့်လုပ်ငန်းတွေကို တရုတ်ပြည်နဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ အာသီသ ရှိပါကြောင်း ပြန်ပြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ တွေ့ဆုံဆွေးနွေးပွဲမှာ တရုတ်သမ္မတက မြန်မာပြည်နဲ့ တရုတ်ပြည်ဟာ ဒုတိယ ကမ္ဘာစစ်အတွင်း ဖက်ဆစ်ဆန့်ကျင်ရေးအတွက် ရင်းနှီးပေးဆပ်မှု ကြီးမားစွာနဲ့ စွမ်းစွမ်းတမံ တိုက်ပွဲဝင်ခဲ့ကြတဲ့ နိုင်ငံတွေဖြစ်တယ်လို့ ဂုဏ်ပြုပြောကြားခဲ့ကြောင်းလည်း တရုတ် အစိုးရပိုင် ဆင်ဝှာ သတင်းမှာ ဖေါ်ပြထားပါတယ်။

ကွန်မင့်များ (5)
Share

စိုင်းလိပ်

တရုပ်​နဂါးကြီးသာနယ်​စပ်​က တိုင်းရင်းသားလက်​နက်​ပိုင်​​တွေကိုဆူညံ့ဆုညံ့​တွေလာမလုပ်​နဲ့လို့ တချက်​​ဟောက်​လိုက်​ တိုင်းရင်းသာလက်​နက်​ကိုင်​​တွေ​အမှီးကုတ်​ပီးနယ်​စပ်​ငြိမ်​သွားလိမ့်မယ်​။

Sep 05, 2015 08:23 PM

အမည်မဖော်လိုသူ

ဆွေးနွေးတဲ့ အကြောင်းအရာထဲမှာ “မြစ်ဆုံစီမံကိန်း“ မှ ပါပါ့မလား။

Sep 05, 2015 02:42 PM

t

ကိုယ့်နိုင်ငံကိုယ် တိုးတက်အောင်သာလုပ်ကြစမ်းပါ ဘာသာစကားတွေ ခွဲပေးထားတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပေါင်းစားမှာစိုးလို့ ကမ္ဘာဦးက စတင်ခွဲပေးထားတာ နိုင်ငံပေါင်းစုံ ခေါင်းကြီးပိုင်း စာဖါးဇတ်ထုပ်တွေ လုပ်နေလျင် ယခု ရေဘေးတွေ ဘယ်သူကယ်နိုင်သလဲ ကြိုတင်သတိပေးခြင်း

Sep 05, 2015 06:45 AM

အားကိုးပါတယ်

တရုပ်​​ခေါင်​​ဆောင်​ကြီးက အ​မြှော်​မြင်​ကြီးစွာ World Leader ပီသစွာဖြင့်​တရုပ်​မြန်​မာနယ်​စပ်​က တိုင်းရင်းသား လက်​နက်​ကိုင်​အဖွဲ့​တွေဖြစ်​တဲ့ ​​ကေအိုင်​​အေ၊TLNA၊ဘိန်း ဘုရင်​ဖုန်​ကြား၊ မိုင်းလား၊၀ စသည်​တို့ကို "မင်းတို့​တွေ လက်​နက်​​တွေစွန့်​ပီး ငြိ​မ်​၂စိန်​၂​နေကြ ဥပ​ဒေ​​ဘောင်​အတွင်း က တရားဝင်​ ၀င်​ပြိုင်​ကြဆိုပီး တခွန်းပဲ​ပြောလိုက်​၊ နားမ​ထောင်​တဲ့အဖွဲ့ ​တွေရဲ့ ပိုင်​ဆိုင်​မူ​တွေ ကို သိမ်းလိုက်​၊ ယင်း တို့နယ်​​မြေထဲအ၀င်​မခံပဲလုပ်​လိုက်​ နယ်​စပ်​အားလုံး တည်​ငြိမ်​​အေးချမ်းသွားပီ၊ ​ရှေ​ရေးအတွက်​အားကိုးပါတယ်​တရုပ်​​ခေါင်း​ဆောင်​ကြီးရယ်​။

Sep 05, 2015 05:29 AM

t

ထင်ရှားပါတယ် မြန်မာတွေ အပေါင်ခံ အတိုးစားတတ်လာတာ သူတို့ဆီက ပညာတွေပါ ငွေစက္ကူကို လူလယ်လုတ်တတ်တာ သူတို့ဆီကလာတဲ့ပညာပါ သူတို့နောက်မှာ အမှန်အကန်ရှိနေတာ USလူများဖြစ်၏ ကြိုက်တဲ့လူငြင်း အမှန်တကယ်ဖြစ်ရပ် ကမ္ဘာ့ အရင်းရှင် ကြောရိုးရှိ အဆိပ်ရှိသတ္တဝါတွေ

Sep 05, 2015 04:27 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့