တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း သစ် ဖောက်လုပ်ပေးမည်
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းသစ် ဖောက်လုပ်ပေးဖို့ အတွက် စိတ်ပါဝင်စားတဲ့ လုပ်ငန်းရှင်တွေနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က ဒီနေ့ အမျိုးသား လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
-
2017-02-14 -
-
-
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းသစ် ဖောက်လုပ်ပေးဖို့အတွက် စိတ်ပါဝင်စားတဲ့ လုပ်ငန်းရှင်တွေနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က ဒီနေ့ အမျိုးသားလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီး အမှတ် ၂ မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦး က မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသစ်ဖောက်ပေးဖို့ အစီအစဉ် ရှိ၊ မရှိမေးမြန်းတာကို ဝန်ြကီး ဦးဝင်းခိုင် က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
"မန္တလေး၊ လားရှိုး၊ မူဆယ် လမ်းမကြီးက စီးပွားရေးအချက်အချာကျတဲ့အတွက် ရေရှည်လုပ်ငန်းတစ်ရပ်အနေနဲ့ရော နောက်ထပ်လမ်းကြောင်း သစ်တစ်ခု ရှာဖွေဆောင်ရွက်သင့်ပါတယ်"
မန္တလေး- မူဆယ်- လားရှိုးလမ်းမကြီးကို BOT စနစ်နဲ့ တာဝန်ယူနေတဲ့ Oriental Highway ကုမ္ပဏီက လေး လမ်းသွား ကတ္တရာလမ်းတိုးချဲ့တာ၊ နိုင်လွန်ကတ္တရာခင်းတာတွေကို ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာ အပြီးဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီး ဦးဝင်းခိုင် က ပြောပါတယ်။
ယာဉ်ကြောပိတ်ဆို့မှု အများဆုံးဖြစ်ပွားနေတဲ့ ကွတ်ခိုင်-နမ့်ဖတ်ကာ ကားလမ်းပိုင်းမှာ လမ်းတိုးချဲ့မှု လုပ်ငန်း စတင်ဆောင်ရွက်နေပေမယ့် နယ်မြေလုံခြုံရေးအရ ၄၈ ပေ၊ လေးလမ်းသွား နိုင်လွန်ကတ္တရာခင်းတဲ့လုပ်ငန်းအစား လမ်းကျဉ်းတဲ့နေရာတွေမှာ မြေသားလမ်းချဲ့တာ၊ လမ်းပျက်ပြင်တာတွေကို ၂၀၁၇ မိုးရာသီအမီ အပြီးဆောင် ရွက်နေတယ်လို့ သိရပါတယ်။
မြန်မာ့ဆန်တင်ပို့မှုရဲ့ ၆၀ ရာခိုင်နှုန်းဝန်းကျင်ကို ဝယ်ယူနေတဲ့ တရုတ်နိုင်ငံထံ မန္တလေး- မူဆယ်- လားရှိုး လမ်းမကြီးကို အသုံးပြုပြီး ဆန်တင်ပို့နေသလို အဲဒီလမ်းမကြီးဟာ တရုတ်- မြန်မာ ကုန်သွယ်ရေးအတွက် အရေးပါတဲ့လမ်းမကြီးလည်း ဖြစ်ပါတယ်။