မြစ်ဆုံပြန်စလိုကြောင်း တရုတ်သံအမတ်ကြီးပြောကြား

0:00 / 0:00

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Hong Liang က မြစ်ဆုံစီမံကိန်းကို ပြန်လည် စတင်လိုကြောင်း ဒီကနေ့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် အပြင် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ်ပြော ကြားခဲ့ပါတယ်။

ဒီနေ့ မြစ်ကြီးနားမြို့မှာ ကချင်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ကချင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ သဘောထားကို မေးခဲ့တာဖြစ်တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ြကီး ဦး H လအောင် က ပြောပါတယ်။

"သူတို့ကစချင်တာပေါ့၊ ဘာပဲဖြစ်ဖြစ်ပေါ့လေ သူတို့ကလူထု သဘောတူ မတူ ရတယ်မဟုတ်ဘူးလား ပြော တယ်ပေါ့လေ သူတို့က၊ သူတို့ဆီမှာလည်း လူထုရဲ့သဘောထားတွေ သူတို့ဆီမှာရှိပါတယ် ဘာညာတွေ လည်း ပြောတာတွေလည်းရှိတယ်ပေါ့၊ ကျနော်တို့ လူထုသဘောထားနဲ့ ဆုံးဖြတ်မှာပါလို့ ကျနော်တို့ လည်းပြောတာပေါ့၊ ဒီမိုကရေစီ နိုင်ငံပဲလို့၊ ကျနော်တို့အစိုးရလည်း အဲ့ဒါနဲ့ပတ်သက်ပြီးမှ သေချာ သူတို့လေ့လာပြီးမှ အဖြေပေးရမယ့်အပိုင်းရှိပါတယ်၊ လူထုကိုလည်း ချပြမယ့်အပိုင်းရှိပါတယ်"

ကချင်ပြည်နယ် အစိုးရအဖွဲ့ဘက်က မြစ်ဆုံစီမံကိန်းဟာ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့သာ ဆောင် ရွက်နိုင်မှာဖြစ်ပြီး ဒေသခံတွေရဲ့ သဘောထားကိုလည်း ကောက်ယူသွားမယ်လို့ ဝန်ကြီး ဦးHလအောင် က ပြောပါတယ်။

လက်ရှိမှာ ပြည်ထောင်စုအစိုးရဘက်က မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရကို တစ်စုံတရာ ညွှန်ကြားတာ မရှိသေးဘဲ အရင်အစိုးရနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါအချက်အလက်တွေကို လေ့လာဆန်း စစ်မှုတွေ ပြုလုပ်နေတဲ့ အနေအထားလည်း ရှိပါတယ်။

Mr.Hong Liang ဟာ ရပ်နားထားတဲ့ မြစ်ဆုံစီမံကိန်းဧရိယာကို ပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ သွားရောက်ပြီး ဒေသခံတွေရဲ့ သဘောထားကိုလည်း မေးမြန်းသွားမှာ ဖြစ်ပါတယ်။

သံအမတ်ကြီးနဲ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦး H လအောင်ကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်း ထားပါတယ်။