EU အရာရှိ မောင်တောဒေသ ကြည့်ရှု

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဥရောပ သမဂ္ဂ EU ရဲ့ လူသားချင်းစာနာမှု အကူ အညီနဲ့ အခက်အခဲ စီမံခန့်ခွဲမှုအရာရှိ Christos Stylianides ခရစ်တော့စ် စတိုင်းလီးယန်းနိုက်ဒ်စ် ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာ မောင်တောဒေသကို သွားရောက်ပြီး ဥရောပသမဂ္ဂအကူအညီနဲ့ ဆောင်ရွက်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ စီမံကိန်းတွေကို ကြည့်ရှုစစ်ဆေး မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဥရောပသမဂ္ဂ EU ရဲ့ လူသားချင်းစာနာမှု အကူအညီနဲ့ အခက်အခဲ စီမံခန့်ခွဲမှု အရာရှိ Christos Stylianides ခရစ်တော့စ် စတိုင်းလီးယန်းနိုက်ဒ်စ် ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာ မောင်တောဒေသ ကို သွားရောက်ပြီး ဥရောပသမဂ္ဂအကူအညီနဲ့ ဆောင်ရွက်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ စီမံကိန်းတွေကို ကြည့်ရှုစစ်ဆေးမယ်လို့ သိရပါတယ်။

EU က ရခိုင်ပြည်နယ်ရှိ ပဋိပက္ခဖြစ်ပွားရာဒေသခံလူထုကို တိုက်ရိုက်အကူအညီအဖြစ် ယူရိုငွေ ၁၂ သန်းထောက်ပံ့ မယ်လို့ ကြေညာထားပါတယ်။

ဒုက္ခရောက်နေသူတွေထံ အကူအညီတွေ တိုက်ရိုက် ရောက်ရှိဖို့ အင်မတန်အရေးကြီးကြောင်း ဥရောပသမဂ္ဂ အကြီးအကဲက မြန်မာအစိုးရ အာဏာပိုင်တွေနဲ့ နေပြည်တော်မှာ သောကြာနေ့ တွေ့ဆုံစဉ်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org