သတင်းထောက်နဲ့ စကားပြောလို့ ဖမ်းဆီး ခံရသူတွေကိစ္စ စစ်တပ်ကို CNN မေး

2021.04.03
သတင်းထောက်နဲ့ စကားပြောလို့ ဖမ်းဆီး ခံရသူတွေကိစ္စ စစ်တပ်ကို CNN မေး ၂၀၂၁ ဧပြီလ ၂ ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာဒုံဈေးတွင် ဒေသခံတစ်ဦးနှင့် စကားပြောနေသည့် CNN သတင်းထောက် Clarissa Ward
(Photo: Citizen Journalist)

CNN သတင်းထောက်နဲ့ စကားပြောခဲ့သူတွေကို ဖမ်းဆီးသွားတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်ကို ဆက်သွယ် မေးမြန်းနေတယ်လို့ CNN သတင်းဌာနက RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံကို ရောက်နေတဲ့ သတင်းထောက် Clarissa Ward နဲ့ စကားပြောခဲ့သူတွေ ဧပြီလ ၂ ရက် သောကြာနေ့က ဖမ်းဆီးခံရတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ CNN သတင်းဌာနရဲ့ ပြောခွင့်ရသူ Jonathan Hokins က အီးမေးလ်ကတဆင့် အခုလို ဖြေဆိုခဲ့တာပါ။

Clarissa Ward ဟာ မြန်မာစစ်တပ်ရဲ့ ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံကို ရောက်နေတာဖြစ်ပြီး စစ်တပ် အစောင့်အကြပ်နဲ့ လှည့်လည် သတင်းယူနေတာလို့ Jonathan Hokins က ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က အင်းစိန်မြို့နယ်က ၁၀ မိုင်ကုန်းဈေးကို သွားပြီး ဒေသခံတွေနဲ့ စကားပြောခဲ့ရာမှာလည်း စစ်တပ် အစောင့်အကြပ်နဲ့ သွားခဲ့ရတာဖြစ်ကြောင်း၊ အခု အဖမ်းခံရသူတွေဟာ CNN နဲ့ တွေ့ဆုံ စကားပြောခဲ့သူတွေ ဟုတ်မဟုတ် အတိအကျ မသိရသေးကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်ကို ဆက်သွယ် မေးမြန်းထားကြောင်း ပြောပါတယ်။

အဲဒီနောက် ရန်ကုန်မြို့ မင်္ဂလာဒုံဈေးကို CNN သတင်းထောက် Clarissa Ward သတင်းယူဖို့ရောက်ရှိခဲ့ပြီး ဒေသခံတချို့နဲ့ စကားပြောဆို မေးမြန်းတာတွေ ရှိခဲ့ပါတယ်။

အဲ့ဒီလိုစကားပြောဆိုပြီးနောက် CNN သတင်းထောက်ပြန်သွားတဲ့အချိန်မှာ သူနဲ့ စကားပြောခဲ့တဲ့ ဈေးသည်နှစ်ဦး၊ ကျောင်းသူတစ်ဦး ဖြစ်တဲ့ မယဉ်သက်တင်တို့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ကျောင်းသူ မယဉ်သက်တင်ကို စစ်ကြောရေးခေါ်သွားပြီး စစ်ဆေးနေတာ မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

ဦး​အောင်​ကျော်ဝင်း မြင်းခြံမြို့
2021-04-04 09:29

RFAမှ​ဇော်မင်းထွန်းအား သတင်းစာရှင်းလင်ပွဲတွင်​မေးမြန်းခဲ့​သော​မေးခွန်းများမှာအလွန်ဝမ်သာရပါသည် သို့​သော်​မေးခွန်းများကိုပြန်လည်​ဖြေကြားသွားသည်မှာအ​မေးတခြာအ​ဖြေတခြားဖြစ်​နေပါသည်ထို့​ကြောင့်​ဖြေကြား​သော​မေးခွန်းအ​ဖြေများအားကမ္ဘာသိ​စေရန်အဂ်လိပ်ဘာသာပြန်ပြီးဖြန့်​ပေး​စေလိုပါတယ်အမှားပါလျှင်ခွင့်လွတ်ပါထာဝရအား​ပေး​လေးစားရပါသည်