လူရွှင်တော် ဦးပါပါလေး ကွယ်လွန်


2013.08.02

နှုတ်ခမ်းမွှေးညီနောင်လို့ နာမည်ကြီးတဲ့ မန္တလေးမြို့က လူရွှင်တော် ဦးပါပါလေးဟာ ဒီနေ့နေ့လည် ၁ နာရီက ကွယ်လွန်သွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဦးပါပါလေးဟာ ဆီးနဲ့ ကျောက်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်ေန့ကစလို့ ဆေးရုံတက်ခဲ့ရပြီး ဒီနေ့ကွယ်လွန်သွားတာလို့ ညီဖြစ်သူ ဦးလူမော်က ပြောပါတယ်။ ဦးပါပါလေးရဲ့ ဈာပနကို သြဂုတ်လ ၄ ရက်နေ့မှာ ပုလုပ်မယ်လို့ ဆိုပါတယ်။

ဦးပါပါလေးဟာ စစ်အစိုးရလက်ထက်မှာ နိုင်ငံရေးအမှုနဲ့ ထောင် ၃ ကြိမ်ကျခံခဲ့ရပြီး သေဆုံးချိန်ထိ ပွဲကျင်းပခွင့် ပိတ်ပင်ခံထားရတဲ့ လူရွှင်တော်ဖြစ်တဲ့အတွက် နိုင်ငံခြားသားတွေကြားမှာလည်း ကျော်ကြားခဲ့သူ တစ်ဦးဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ၂ဝဝ၉ ခုနှစ်နဲ့ ၂ ခုနှစ်တွေမှာ လွတ်လပ်တဲ့အာရှအသံ RFA မြန်မာပိုင်းအစီအစဉ် ကနေ ခေတ်စနစ်ကိုသရော်တဲ့ တောက်တိုမယ်ရ မန္တလေးမြို့က ဟာသပျက်လုံးများ ဆိုတဲ့အစီအစဉ်ကို နှစ်ပတ်တစ်ြကိမ် ပုံမှန်တင်ဆက်ခဲ့ပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ ဦးပါပါလေးဟာ ပွဲကျင်းပဖို့ တရားဝင်ခွင့်ပြုချက် မရှိပေမယ့် မန္တလေးမြို့နဲ့ အနီးတဝိုက်ဒေသတွေမှာ ပရိသတ်ရှေ့ ပြန်လည်ဖျော်ဖြေနိုင်ခဲ့ပါတယ်။

ဦးပါပါလေးကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်ရှိပြီး၊ ဇနီးသည် ဒေါ်ဝင်းမာ ကျန်ရစ်ခဲ့ပါတယ်။

လူရွှင်တော်ဦးပါပါလေးအကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။