မဲရုံမှူးကို တရားစွဲထားတဲ့ အမှု ပြန်ရုပ်သိမ်းဖို့ ကော်မရှင် ညွှန်ကြား

0:00 / 0:00

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ကိုယ်စားလှယ် ဦးမျိုးချစ်က မဲရုံမှူး ဒေါ်မြမြအေးကို တရားစွဲထားတဲ့အမှုကို ပြန်ရုပ်သိမ်းပြီးတောင်းပန်ဖို့ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားလိုက်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ဒေါ်မြမြအေးရဲ့ ရှေ့နေ ဦးအောင်သိန်းက RFA ကို အခုလိုပြောပါတယ်။

"ဒီဟာမှားယွင်းစွာ တရားစွဲဆိုတဲ့အတွက် ဦးအုန်းမြင့် ကိုယ်စားလှယ် ဦးမျိုးချစ်က တောင်းပန်ရမယ်ပေါ့၊ ဒါဟာနဲ့ ပတ်သက်ပြီးတော့ မှားယွင်းစွာတရားစွဲဆိုထားတဲ့အတွက် ပြန်ရုပ်သိမ်းဖို့ပေါ့နော်၊ နောက် ပြီး တောင်းပန်ပါဆိုတဲ့ စကားလုံးပါထည့်ပြီးတော့ ဦးအုန်းမြင့် ကိုယ်စားလှယ် ဦးမျိုးချစ်ကို အကြောင်း ကြားစာပေးပို့တယ်ပေ့ါ၊ အဲဒီ့ကိစ္စကိုလည်း ကာယကံရှင်ဖြစ်တဲ့ ဒေါ်မြမြအေးနဲ့ ဦးအုန်းမြင့်ကိုလည်း မိတ္တူပေးပို့ထားတာလည်း ကျနော်တွေ့ရတယ်"

ဒါပေမဲ့ ဦးအုန်းမြင့်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ကိုယ်စားလှယ် ဦးမျိုးချစ်က NLD အနိုင်ရကိုယ်စားလှယ်နဲ့ ပတ်သက်လို့ တရားစွဲထားတဲ့အမှုတွေ ကျန်နေသေးတယ်လို့ ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။