မြန်မာနိုင်ငံမူဝါဒ အမေရိကန်အစိုးရအတွင်း သဘောထားကွဲ

မြန်မာနိုင်ငံကို ချဉ်းကပ် ထိတွေ့ ဆက်ဆံရေး မူဝါဒနဲ့ ပတ်သက်ပြီး သမတ ဘားရက် အိုဘားမား ဦးဆောင်တဲ့ အမေရိကန်အစိုးရအတွင်း သဘောထား အကြီးအကျယ် ကွဲခဲ့တယ်လို့ အမေရိကန် အထက်လွှတ်တော် အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ်က ပြောပါတယ်။

2010.10.28
jim_webb_than_shwe_305_z.jpg အမေရိကန် အထက်လွှတ်တော် ဗာဂျီးနီးယားပြည်နယ် ဒီမိုကရက်အမတ် ဂျင်မ် ဝက်ဘ် (ဝဲ) နှင့် မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ယာ) တို့ ၂၀၀၉ ဩဂုတ်လ ၁၅ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံနေပုံ ဖြစ်ပါသည်။ (Photo: Courtesy of The Office Of Senator Jim Webb)
(Photo: Courtesy of The Office Of Senator Jim Webb)

မြန်မာနိုင်ငံအပေါ် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ဥပေက္ခာပြုထားရင် မြန်မာပြည်ဟာ တရုတ်နိုင်ငံရဲ့ ပြည်နယ်တခု ဖြစ်လာမဲ့ အန္တရာယ်ရှိကြောင်း မစ္စတာ ဝက်ဘ်က အောက်တိုဘာ ၂၇ ရက် မနေ့က သတိပေး ပြောကြားခဲ့ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ ရလာတဲ့ အခွင့်အလမ်းတွေကို အကျိုးရှိအောင် ရယူတာ မတွေ့ရကြောင်း၊ အမေရိကန် နိုင်ငံခြားရေးဌာနမှာ မြန်မာနိုင်ငံမူဝါဒအပေါ် သဘောထား အကြီးအကျယ် ကွဲခဲ့ပြီး မနှစ်က မြန်မာဖက်က သံတမန်ရေး အချက်ပေးခဲ့တာတွေကို အခွင့်ကောင်းယူပြီး ထိထိရောက်ရောက် တုံံ့ပြန်ဖို့ အမေရိကန်ဖက်က ပျက်ခဲ့ကြောင်းလည်း သူက ဝေဖန်လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်အနေနဲ့ ချဉ်းကပ်မှုအသစ်ကို ကြိုးစားကြည့်ဖို့ အားသန်ခဲ့ဟန် ရှိပေမဲ့ တခြားတဖက်မှာ ဖိအားပေး ဆန့်ကျင်တာတွေ အများကြီး ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

အမေရိကန် အထက် လွှတ်တော်အမတ် ဂျင်ဝက်ဘ်ဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ စစ်အစိုးရနဲ့ အဆင်ပြေရေး လိုလားသူ၊ စစ်အစိုးရဖက်က စီးပွားရေး၊ လူမှုရေး အခွင့်အရေးယူလိုသူအဖြစ် မြန်မာ အတိုက်အခံတွေက ဝေဖန်တာ ခံနေရသူတဦး ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။