ခြေ / ဥ ပြင်ဆင်ရေး ဆန္ဒခံယူပွဲ ဥပဒေကြမ်း လွှတ်တော်အတည်ပြု


2014.11.24
parliament-meeting-b305 ၂ဝ၁၂ ခုနှစ် ဧပြီလ ၂၃ ရက်က နေပြည်တော်တွင်ကျင်းပ တဲ့ ပြည်ထောင်စုလွှတ်တော် ပထမအကြိမ်၊ တတိယ ပုံမှန်အစည်းအဝေးပွဲကို တွေ့ရစဉ်
AFP

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ဥပဒေမူကြမ်းကို အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်း ကို ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ဆွေးနွေးပြီး ဒီနေ့ အတည်ပြုလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူတွေ ဆန္ဒ မဲပေးပိုင်ခွင့်ရှိကြောင်း ပြင်ဆင်ပေးဖို့ ဆွေးနွေး ခဲ့ပါတယ်။

"ပြည်လုံကျွတ် ဆန္ဒခံယူပွဲနေ့ရက်တွင် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံ သားနဲ့ နိုင်ငံသားပြုခွင့်ရသည့်ရသူများသည် ပြည် လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသည်၊ ယင်းဆန္ဒမဲပေးခွင့်ရှိသူတိုင်းကို မဲစာရင်းတွင် ထည့်သွင်းရမည်ဟု ပြင်ဆင်ခြင်ခြင်းဖြစ်ပါတယ်၊ ကျမရဲ့ ပြင်ဆင်ချက်ကို ပြည့်သူ့လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန်အတွက် တင်ပြအပ်ပါတယ်ရှင်"

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီရဲ့ အစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ် ၁၆၀ လောက်က မနက်ဖြန်မှာ အပြီးဆွေးနွေးကြမှာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တဲ့ မူကြမ်းကို အတည်ပြုနိုင်ဖို့အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို နောက်နှစ် မေလမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်း ဆွေးနွေးချက်တွေကို ဒေါ်ခင်ခင်အိ က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။