ဖွဲ့စည်းပုံ ပြင်ဆင်ရေးကော်မတီ အစည်းအဝေးကျင်းပ

0:00 / 0:00

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကော်မတီအစည်းအဝေးကို နေပြည်တော်က လွှတ်တော်ဝန်းအတွင်းမှာ ဒီကနေ့ ဒုတိယအကြိမ် ကျင်းပခဲ့ပေမယ့် ကော်မတီဖွဲ့စည်းမှု မပြီးပြတ်ခဲ့ဘူးလို့ သိရပါတယ်။

ဒီနေ့ အစည်းအဝေးမှာ လွှတ်တော်နာယကက တင်ပြထားတဲ့ ကော်မတီရဲ့ လုပ်ပိုင်ခွင့်၊ သက်တမ်းနဲ့ ပါဝင်မယ့် လူပုဂ္ဂိုလ်စာရင်းတွေကို တက်ရောက်လာတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေကို တောင်းခံခဲ့ပြီး အဲဒီအကြံပြုချက်တွေကို ပြည်ထောင်စု လွှတ်တော် နာယကက ဦးတီခွန်မြတ်က ပြန်လည်သုံးသပ်မယ်လို့ ပြောပါတယ်။

ပါဝင်ခွင့်ရမယ့် လူဦးရေအချိုးနည်းပါးတာတွေ၊ မဲခွဲဆုံးဖြတ်ခွင့် ကိစ္စတွေကြောင့် တပ်မတော်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ရခိုင်အမျိုးသားပါတီတို့က အမည်စာရင်း မတင်ပြခဲ့ဘူးလို့ သိရပါတယ်။

ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်းမြတ်ကတော့ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေကို ပြန်လည်သုံးသပ်သွားမယ်လို့ ပြောခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။