တရားစွဲခံ အထည်ချုပ်အလုပ်သမား ၁၅ ဦးကို အာမခံနဲ့ လွှတ်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်မှာရှိတဲ့ ဘိုဂတ် Bogart အထည်ချုပ်စက်ရုံက အလုပ် သမား ၁၅ ဦးနဲ့ အလုပ်သမား အရေးကူညီသူ တစ်ဦး စုစုပေါင်း ၁၆ ဦးကို ဒီနေ့ လှိုင်သာယာမြို့နယ်တရားရုံးမှာ ပုဒ်မ ၃ခုနဲ့ ပထမ အကြိမ် ရုံးတင်စစ်ဆေးပြီး အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်မှာရှိတဲ့ ဘိုဂတ် Bogart အထည်ချုပ်စက်ရုံက အလုပ်သမား ၁၅ ဦးနဲ့ အလုပ်သမား အရေးကူညီသူ တစ်ဦး စုစုပေါင်း ၁၆ ဦးကို ဒီနေ့ လှိုင်သာယာမြို့နယ် တရားရုံးမှာ ပုဒ်မ ၃ခုနဲ့ ပထမ အကြိမ် ရုံးတင်စစ်ဆေးပြီး အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။

နာကျင်စေမှု၊ ဆဲဆိုမှုနဲ့ တားဆီးပိတ်ဆို့မှု စတဲ့ ပုဒ်မ ၃ခုနဲ့ စုစုပေါင်း ၁၈ ဦးကို တရားစွဲ ထားတာဖြစ်ပြီး ၂ ဦးက ထွက်ပြေးနေတယ်လို့ တရားစွဲခံထားရသူ တစ်ဦးဖြစ်တဲ့ မသီရိစုဝေ က ပြောပါတယ်။

"အားလုံးစွဲထားတာ ၁၈ ယောက်စွဲထားတာ၊ အခုလောလောဆယ် တရားစွဲ ခံထားရတဲ့ထဲမှာ ၂ ယောက်က လုံးဝမလာဘူး၊ ဒီနေ့  ၁၆ ယောက်လာတယ်၊ ၁၀ ယောက်က လှိုင်သာယာနယ်သူတွေဖြစ်လို့ လှိုင်သာယာ နယ်သမားတွေကိုတော့ အာမခံပေးမယ်တဲ့၊ မှော်ဘီဘက်ကပါတာရှိတယ်၊ ပြီးတော့ ကြည့်မြင်တိုင် တစ်ဖက် ကမ်း၊ လှိုင်သာယာနယ်မြေက ကျော်တဲ့သူဆိုရင်တော့ အာမခံမပေးနိုင်ဘူးတဲ့၊ အချုပ်ထဲကိုဘဲ ဝင်နေလိုက် ဆိုတော့ အလုပ်သမားအဖွဲ့အစည်း ကနေပြီးတော့ အာမခံပေးမယ့်သူတွေကို ငွေနဲ့ငှားလိုက်ရတာပေါ့၊ အဲ့လိုလုပ်ပေးလို့ သမီးတို့က အာမခံရပါတယ်"

တရားစွဲခံရသူတွေဟာ ဘိုဂတ်အထည်ချုပ်စက်ရုံမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက လုပ်ခလစာတိုးမြှင့်ရရှိဖို့အတွက် ဆန္ဒပြတောင်းဆိုရာမှာ ဦးဆောင်ခဲ့တယ်ဆိုပြီး စက်ရုံမန်နေဂျာက တရားလိုလုပ်ပြီး တရားစွဲဆိုထားတာ ဖြစ်ပါ တယ်။

အဲဒီအလုပ်သမားဆန္ဒပြပွဲဟာ မြို့နယ်အလုပ်သမားဖြန်ဖြေရေးအဖွဲ့က ဝင်ရောက် ညှိနှိုင်းပေး တာကြောင့် နှစ်ဘက်ပြေလည်ခဲ့ပေမယ့် ဦးဆောင်ဆန္ဒပြတဲ့ အလုပ်သမား တွေကို အကြောင်းအမျိုးမျိုးပြပြီး အလုပ်ကနေ ထုတ်ပယ်ခဲ့ပြီး တရားစွဲဆိုတာဖြစ်တယ် လို့ အလုပ်ထုတ်ခံရသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org