ဦးကိုကိုကြီးအမှု တရားရုံး အမိန့် ချမှတ်


2015.07.22
kokogyi-620.jpg ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးကိုကိုကြီး ကို တွေ့ရစဉ်
photo: Kyaw Zaw Win/RFA

တောင်ဥက္ကလာပမြို့နယ် တရားရုံးမှာ ပုဒ်မ ၁၉နဲ့ တရားစွဲခံထားရတဲ့ ၈၈ မျိုးဆက် ငြိမ်ချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ဦးကိုကိုကြီးနဲ့ ၄ ဦးကို ဒဏ်ငွေ တစ်သောင်း (သို့မဟုတ်) ထောင်ဒဏ် ၂၁ ရက်ကျခံဖို့ ဒီနေ့ အမိန့်ချလိုက်ပါတယ်။

တရားရုံးမှာ အပြန်အလှန်ခုခံ ချေပခွင့်မပေးသလို အမိန့်ချမှတ်လိုက်တာကို လက်မခံတာကြောင့် ငွေဒဏ် မဆောင်နိုင်ကြောင်း တရားခွင်မှာ ဦးကိုကိုကြီး က ပြောကြားခဲ့ပါတယ်။

"ခွင့်ပြုတဲ့နေရာမှာ ဆန္ဒမပြဘဲနဲ့ အခြားနေရာမှာ ဆန္ဒပြတယ်ဆိုတာ မှန်သလား လို့မေးတယ်၊ အဲ့တော့ ကျနော်မှန် တယ်လို့ပြောတယ်၊ တစ်ကယ့် တစ်ကယ် အပြန်အလှန်မေးမြန်းတာ၊ ထုချေတာတွေမရှိဘဲနဲ့ စီရင်ချက်ချတဲ့အပေါ်မှာ ဒဏ်ငွေ တစ်သောင်း (သို့မဟုတ်) ထောင်ဒဏ် ၂၁ ရက် ဆိုပြီးတော့ ချလိုက်တာနဲ့ ပတ်သက်လို့ အခု ကျနော်နောက်ဆုံးပြောလာခဲ့တယ်၊ ကျနော်လက်မခံဘူး၊ ငွေဒဏ်ဆောင်လည်း မဆောင်ဘူး၊ လိုအပ်ရင်အကြောင်း ကြားပါ၊ ရပါတယ်ပြန်လို့ ရပါပြီဆိုလို့ ကျနော်ပြန် လာတယ်"

ဒီနေ့ တရားရုံးချိန်းကို လာရောက်လေ့လာသူတစ်ဦးက ဦးကိုကိုကြီးနဲ့ ၄ ဦးကိုယ်စား ဒဏ်ငွေတွေ ပေးဆောင်ခဲ့ပါတယ်။

တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက် သစ္စာလမ်းနဲ့ ဝေဇယန္တာလမ်းထောင့်က ပေ ၁၀၀ ကျော် ကျယ်ဝန်းတဲ့ အများပိုင် အားကစားကွင်းကို ပြီးခဲ့တဲ့နှစ်အတွင်း ရန်ကုန်မြို့တော် ဝန်က သိမ်းဆည်းပြီး အဆောက်အဦးဆောက်ခွင့်ပြုခဲ့တာကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ဦးကိုကိုကြီးတို့ကို တောင်ဥက္ကလာပမြို့နယ်မှူးက ခွင့်ပြုချက် မရှိတဲ့နေရာမှာ ဆန္ဒပြမှု ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။