မန်းဝင်းခိုင်သန်းကို ဒုတိယသမ္မတအဖြစ် CRPH တင်မြှောက်
2021.03.09
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က အစိုးရလုပ်ငန်းတာဝန်တွေ ထမ်းဆောင်ဖို့ မန်းဝင်းခိုင်သန်းကို ဒုတိယသမ္မတအဖြစ် ခန့်အပ်တာဝန်ပေး လိုက်တယ်လို့ မတ်လ ၉ ရက်နေ့ ညနေပိုင်းမှာ ကြေညာချက် ထုတ်လိုက်ပါတယ်။
နိုင်ငံတော်အာဏာသိမ်းခံရပြီးနောက် သမ္မတက တာဝန်တွေထမ်းဆောင်နိုင်ဖို့ အခြေအနေမရှိတာကြောင့် နိုင်ငံတော်သမ္မတရဲ့ တာဝန်တွေကို ခေတ္တဒုတိယသမ္မတ မန်းဝင်းခိုင်သန်းက တာဝန်ယူဆောင်ရွက်ပေးဖို့ CRPH က ကြေညာခဲ့ပါတယ်။
အသက် ၆၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မန်းဝင်းခိုင်သန်းဟာ NLD အစိုးရလက်ထက်မှာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူပါ။
NLD ပါတီဝင်တစ်ဦးလည်းဖြစ်ပြီး အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်ရဲ့ မြေးတော်စပ်သူဖြစ်ပါတယ်။ သူဟာ ရှေ့နေအဖြစ် အသက်မွေးဝမ်းကြောင်း ပြုခဲ့ဖူးသူဖြစ်ပါတယ်။