ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံ သွားရောက်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ လာမယ့် ဇွန်လ ၁ဝ ရက်နေ့မှာ ပထမ ဆုံးအကြိမ် တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး တရုတ်သမ္မတ Xi Jinping နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၁၆ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ လူထုတွေ့ဆုံပွဲမှာ တွေ့ရစဉ် Photo: Kyaw Zaw Win/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လ ၁ဝ ရက်နေ့မှာ ပထမဆုံးအကြိမ် တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး တရုတ်သမ္မတ Xi Jinping နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ သွားရောက်မှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

"ဖိတ်တာကတော့ တရုတ်ပြည် ကွန်မြူနစ်ပါတီကဖိတ်ပါတယ်၊ ခရီးစဉ်ထဲမှာ တရုတ်သမ္မတနဲ့ ဝန်ကြီးချုပ် တို့နဲ့ တွေ့ဆုံဖို့အစီအစဉ်ပါပါတယ် ချစ်ကြည်ရေးခရီးပဲ၊ နိုင်ငံရေးသမားတွေဆိုတော့ နိုင်ငံရေးအကြောင်းတော့ ပါမှာပေါ့ဗျ၊ စိတ်ဝင်စားစရာ အရမ်းကောင်းတာပေါ့၊ မြန်မာနယ်စပ်မှာ ကိစ္စတွေကရှိနေတယ်၊ အဲ့ဒီတော့ အားလုံးပြဿနာနည်းမှ နှစ်ဖက်အကျိုးဖြစ်မယ်၊ ပြဿနာများရင် နှစ်ဖက်အကျိုးယုတ်မယ်၊ ဒါ အရေးကြီးတဲ့ခရီးစဉ် တစ်ခုဖြစ်တယ်"

အဲ့ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဦးဖြိုးမင်းသိန်း၊ ဦးဖြိုးဇေယျာသော်နဲ့ ဒေါက်တာ တင်မာအောင် တို့ပါဝင်မှာဖြစ်ပြီး ဇွန်လ ၁ဝ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ၅ ရက် ကြာမှာဖြစ်ပါတယ်။

တရုတ်ပြည်ကွန်မြူနစ်ပါတီဟာ မြန်မာနိုင်ငံအတွင်း တရုတ်စီမံကိန်းအများစုရှိတဲ့ ရှမ်း၊ မွန်၊ ရခိုင် စတဲ့ဒေသတွေက တိုင်းရင်းသား နိုင်ငံရေးပါတီတွေကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် မကြာခဏဖိတ်ခေါ်ပြီး ဆွေးနွေးတာတွေရှိခဲ့ ပါတယ်။

အရင်က အစိုးရချင်း ဆက်ဆံရေးကိုသာ အဓိကထားခဲ့ရာကနေ ၂ဝ၁၃ ခုနှစ်လောက်ကစပြီး အတိုက် အခံ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေနဲ့ပါ ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်လာတာဖြစ်ပါတယ်။

နှစ်နိုင်ငံပါတီခေါင်းဆောင်တွေ နိုင်ငံရေးအရ ဘယ်လိုခေါင်းစဉ်မျိုးတွေ ဆွေးနွေးကြမလဲဆိုတာ NLD ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်း ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org