ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ် NLD ထုတ်ပြန်မည်

2015-06-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင်းဖျင်တို့ ဇွန်လ ၁၁ ရက်နေ့က ဘေဂျင်းမြို့မှာ တွေ့ဆုံကြစဉ်
ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင်းဖျင်တို့ ဇွန်လ ၁၁ ရက်နေ့က ဘေဂျင်းမြို့မှာ တွေ့ဆုံကြစဉ်
Photo: Xinhua

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်ခရီးစဉ်အပြီးမှာ ခရီးစဉ်နဲ့ပတ်သက်ပြီး အများပြည်သူသိရှိအောင် ထုတ်ပြန်ကြေညာသွားမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် ဇွန်လ ၁၄ ရက်နေ့ ပြန်လည်ရောက်ရှိမှာဖြစ်ပြီး ၅ ရက်ကြာ တရုတ်ပြည်ခရီးစဉ်အတွင်း အဓိကကျတဲ့ အကြောင်းအရာတွေကို ထုတ်ပြန်သွားမှာဖြစ်ကြောင်း NLD ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ပြောပါတယ်။

"သတင်းစာရှင်းလင်းပွဲလုပ်ဖို့ အချိန်ရှိမှာမဟုတ်ဘူး၊ မနက်ဖြန်ညနေရောက်ပြီးလို့ရှိရင် သန်ဘက် ခါ နေပြည်တော် တန်းတက်မှာ၊ လွှတ်တော်ပြန်တက်ရမှာ အဲ့ဒီတော့ ကြိုပြီးသတင်းစာရှင်းလင်းပွဲတော့ မလုပ်နိုင်ဘူး၊ သို့သော်လည်း ဒါနဲ့ပတ်သက်ပြီးတော့ အဓိကကျတဲ့အချက်တွေကိုတော့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားတဲ့အချက်တွေမူတည်ပြီး ကျနော်တို့ကို ပြန်ကြားရေးတစ်ခုလုပ်ဖို့အတွက် တရုတ်ပြည်သွားတဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့မှ သဘောထားတစ်ခုတော့ ထုတ်ပြန်ကြေညာဖို့တော့ ဒေါ်အောင်ဆန်းစုကြည် ကျနော်တို့ကို တိုက်တွန်းပါတယ်"

တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၁ဝ ရက်နေ့က သွားရောက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီခရီးစဉ်မှာ တရုတ်နိုင်ငံသမ္မတ Xi Jinping အပါအဝင် တခြားတရုတ်ထိပ်တန်း ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

NLD ဗဟိုကော်မတီဝင် ဦးဝင်းထိန်ကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (7)
Share

အမည်​မ​ဖော်​လိုသူ

မျိုးချစ်​တို့​ရေ အ​မေစုကိုတယုတ်​က​ခေါ်ပီး နှစ်​သိမ့်​လိုက်​တာပါ
သိတ်​လည်းအရမ်းအမြင့်​ကြီးမစဉ်းစားပါနဲ့ 

Aug 01, 2015 05:36 AM

က​လေးတို့ ​ရေ အဖြစ်​မှန်​ကဒီလို

တကယ်​​တော့ တရုတ်​က အ​မေစုကိုဖိတ်​ပီး ဘာမှေ​ရ​ရေ ရာရာ​ဆွေး​နွေးတာမဟုတ်​ပါဖူး၊ ထမင်းဖိတ်​​ကျွေးပီး
တ​ယောက်​ချင်းဆီနဲ့​ပေး​တွေတာပါ။ ဟိုတုန်းက ဗိုလ်​ချုပ်​မှူးကြီး သန်း​ရွှေလည်း ဒီတိုင်းဖိတ်​ပီး ထမင်း အတူတူ စားပီး၂ခါလုပ်​ဖူးပါတယ်​။ဒါ​ကြောင့်​သတင်းထုတ်​မယ်​​ပြောပီး ထုတ်​စရာသတင်း မရှိ လို့မထုတ်​​တော့တာပါ။

Aug 01, 2015 05:31 AM

Myo Chit

နေရပ်- Myanmar

အားလုံး ကို သပန ပေါင်းစုံ ဆွေးနွေ့း စေချင်ရင် သူ့  ကို သမတ တင်မြှောက်လိုက်လေ။ လမ်းတော့ ပိတ်ထားပြီး အားလုံးတော့ လုပ်ပေးဘို့ မျှော်လင့်နေတယ်။ ကိုယ့် ပထွေး တွေ သွားတုန်းကရော အခြေခံ ပြည်သူ အတွက် ဘာများပြောလို့ လဲ။ မပြောတဲ့အပြင် ကိုယ့်ပြည်သူ ကို နှိပ်စက်မဲ့ ဟာတွေ တောင် လက်ခံနေသေးတယ်။ အနည်းဆုံး သူမကတော့ ပြည်သူ ကိုနှိပ်စက်မဲ့ ဟာတွေ ကို လက်ခံပါမယ် လို့ မပြောခဲ့ဘူး။

Jun 15, 2015 03:00 PM

Myo Chit Myanmar

နေရပ်- Myanmar

သွားတာ က သူတို့ က ဖိတ်ခေါ်တဲ့ ချစ်ကြည်ရေး ခရီးစဉ် အစိုးရ တာဝန်နဲ့  သွားတာ လဲ မဟုတ်ပဲ နဲ့  ချစ်ကြည်ရေး စကားမပြောပဲ သူများနိုင်ငံ ရဲ့  ပြည်တွင်းရေး ကို အတင်းဝင်ပြီး ၀င်ဝင်ချင်းဆောက်နဲ့ ထွင်းတာ ကို ငတုံး ဆိုရင်တော့ လုပ်မှာပေါ့။ အဲဒါ ဆို အစိုးရ အနေနဲ့  သွားနေတဲ့ လူတွေ ကျတော့ ပထွေးမို့  မပြောခိုင်းတာလား။ ကိုယ့်ပြည်တွင်းရေးကတော့ လူတိုင်း ကိုယ့် ယူဆချက် ကို ပြောနိုင်တာပဲ။ ဒီလောက် တောင် ဒေါ်စု လုပ်တိုင်း တစ်ဖက်သတ် အသားလွတ် မုန်းနေတယ်။ ကိုယ့် ပြည်တွင်း မှာ ပြည်သူ အပြောလွတ်အောင်တော့ မကြိုးစားပဲနဲ့ ။

Jun 15, 2015 02:57 PM

Kyi Maung

နေရပ်- ဘုန်းကြီးကျောင်း

ကိုယ်မလုပ်နိုင်ဘဲ သူများကို မဝေဖန်နဲ့။ ကိုယ့်အရည်အချင်း ကိုယ်နားလည်ပါ။ ဟောင်လွန်းတဲ့ခွေး လူမလေးစားပါ။ သူများဘောမနေမယ့်အစား ကိုယ့်ဘောမကျအောင် ဂရုစိုက်စေချင်ပါသည်။

Jun 15, 2015 02:26 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့