ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ City of London ဂုဏ်ထူးဆောင်ဆု ပြန်ရုပ်သိမ်းမည်

ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ Freedom of the City of London ဂုဏ်ထူးဆောင်ဆုကို ပြန်ရုပ်သိမ်းဖို့ လန်ဒန်မြို့တော် ကော်ပိုရေးရှင်းရဲ့ အဖွဲ့ဝင်တွေ မနေ့က မဲခွဲ ဆုံးဖြတ်လိုက်ကြပါတယ်။

၂ဝ၁၇ မေလ ၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် Freedom of the City of London ဂုဏ်ထူးဆောင်ဆု လက်ခံရယူစဉ်။ (Photo: Myanmar State Counsellor Office)

ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ Freedom of the City of London ဂုဏ်ထူးဆောင်ဆုကို ပြန်ရုပ်သိမ်းဖို့ လန်ဒန်မြို့တော် ကော်ပိုရေးရှင်းရဲ့ အဖွဲ့ဝင်တွေ မနေ့က မဲခွဲ ဆုံးဖြတ်လိုက်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်ဆု ပြန်ရုပ်သိမ်းဖို့အတွက် လန်ဒန်မြို့တော်ကောင်စီဝင် တဦးဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နွယ်ဖွား ဗြိတိန်နိုင်ငံသား မွန်ဆူရာ-အလီ (Munsur Ali) က အဆိုပြုခဲ့တာကို အခြေအတင် ဆွေးနွေးကြပြီးနောက် အခုလို မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ဖော်ပြောဆိုဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ဒီဆုနဲ့မထိုက်တန်တော့ဘူးလို့ Munsur Ali က ပြောပါတယ်။

ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့  ပြန်လည်ဖြေရှင်းချက် ပေးနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို စာရေး အကြောင်းကြားမယ်လို့ City of London Corporation အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆုရုတ်သိမ်းကြောင်း အပြီးသတ်ဆုံးဖြတ်ချက်မချခင်မှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က တုန့်ပြန်ချက် တစုံတရာရှိခဲ့ရင် တခြားထည့်သွင်းစဉ်းစားသင့်တဲ့ ကိစ္စတွေနဲ့အတူ ဆုပြန်ရုတ်သိမ်းမယ် မရုတ်သိမ်းဘူးဆိုတာကို ပြန်ပြီးသုံးသပ်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org