ဒေါ်အောင်ဆန်းစုကြည် ဥရောပခေါင်းဆောင်များ နဲ့ တွေ့ဆုံမည်
ငြိမ်းချမ်းရေး နိုဘဲဆုရှင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဥရောပခရီးစဉ်မှာ EU ဥရောပသမဂ္ဂ ခေါင်းဆောင်တွေနဲ့ ဒီသီတင်းပတ်ကုန်မှာ ဦးဆုံးတွေ့ဆုံပြီး၊ Luxembourg မှာ EU နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။
-
2013-10-16 -
-
-
ငြိမ်းချမ်းရေး နိုဘဲဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်မှာ EU ဥရောပသမဂ္ဂ ခေါင်းဆောင်တွေနဲ့ ဒီသီတင်းပတ်ကုန်မှာ ဦးဆုံးတွေ့ဆုံပြီး၊ Luxembourg မှာ EU နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။
အဲဒီကမှ Strasbourg မှာ လွန်ခဲ့တဲ့ ၂၃ နှစ်ကရရှိခဲ့တဲ့ Sakharov ဆုကို လက်ခံယူမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေနေ့ Brussels မြို့မှာ ဥရောပကောင်စီ ဥက္ကဌ Herman Van Rompuy နဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး၊ တနင်္လာနေ့ Luxembourg မှာ အီးယူ နိုင်ငံခြာေးရးဝန်ကြီး ၂၈ ဦးနဲ့ တွေ့ဆုံဆွေးနွေးမှာပါ။
၁၉၉၀ ပြည့်နှစ်က ချီးမြှင့်ခဲ့တဲ့ Sakharov ဆုကိုတော့ အင်္ဂါနေ့ ဥရောပပါလီမန်မှာ အခမ်းအနားနဲ့ လက်ခံမယ်လို့ သိရပါတယ်။ ဒီအခမ်းအနားဟာ နိုဝင်ဘာလလယ်မှာကျင်းပမဲ့ အီးယူ မြန်မာ ပူးပေါင်းဆောင်ရွက်ရေးအလုပ်အဖွဲ့ ဆွေးနွေးပွဲမတိုင်ခင် ကျင်းပတာဖြစ်ကြောင်း အီးယူသံတမန်တစ်ဦးကပြောပါတယ်။