ဒေါ်အောင်ဆန်းစုကြည်နဲ့ RCSS ခေါင်းဆောင်တွေ တွေ့ဆုံ

2017-09-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ RCSS/SSA ဥက္ကဋ္ဌ ဦးယွက်စစ် တို့ စက်တင်ဘာ ၁၁ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံစဉ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ RCSS/SSA ဥက္ကဋ္ဌ ဦးယွက်စစ် တို့ စက်တင်ဘာ ၁၁ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံစဉ်
Photo: Myanmar State Counsellor Office's Facebook

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည် တပ်မတော်RCSS/SSA ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးယွက်ဆစ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်က အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ စက်တင်ဘာလ ၁၁ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့ပါတယ်။

အတူတကွ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့အတွက် တင်းမာမှုတွေ ဖြေလျောပြီး ယုံကြည်မှု တည်ဆောက်နိုင်အောင် အခုလိုလာေရာက်တေ့ွဆုံတာလို့ RCSS အဖွဲ့က ဒုဗိုလ်မှူးကြီးစိုင်းမိဏ်းက ပြောပါတယ်။

"အနှစ်ချုပ်ပြောရမယ်ဆိုရင် ကျနော်တို့အချက် သုံးချက် လေးချက်လောက်ပေါ့နော်၊ အဓိကအားဖြင့် ကျနော် တို့ အတူတကွ ငြိမ်းချမ်းရေး ဖော်ဆောင်သွားမယ့်သူတွေဖြစ်တယ်၊ ဒါကြောင့်မိုလို့ ကျနော်တို့ ကြားထဲမှာ နားမလည်မှုတွေကို နားလည်မှုရလာအောင် ကျနော်တို့ တင်းမာမှုတွေကို ဖြေလျော့သွားအောင်၊ ကျနော်တို့ အပြန်အလှန် တွေ့ဆုံခြင်းအားဖြင့် ယုံကြည်မှုတွေကို တည်ဆောက်နိုင်အောင် ဆိုပြီးတော့ လာရောက်တွေ့ ဆုံတယ်၊ ဒီအချက်က တစ်ချက်ပေါ့နော်၊ ဒီကြောင့်ပဲ ကျနော်တို့ကြားထဲမှာ နားလည်မှုတွေရခဲ့တယ်"

အဲဒီလိုတွေ့ဆုံရာမှာ NCA အပစ်ရပ် သဘောတူစာချုပ်ကို အခြေခံပြီး အစိုးရက ကြိုးပမ်းဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နားလည်မှုနဲ့ ယုံကြည်မှု တည်ဆောက်ရေး၊ တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး ကျန်းမာရေးနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနောက် ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ RCSS ကိုယ်စားလှယ်အဖွဲ့တို့ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို NRPC အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ကြပါတယ်။

ဒီအစည်းအဝေးကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ဦးကျော်တင့်ဆွေ၊ လူမှုဝန်ထမ်း-ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းနဲ့ တာဝန်ရှိသူတွေ၊ RCSS/SSA ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးယွက်ဆစ်၊ အတွင်းရေးမှူး-၃ ဦးစိုင်းငင်းနဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့