ကျောင်းဆရာတွေ အရေးပါမှု ဒေါ်အောင်ဆန်း စုကြည် ပြောကြား


2016.08.04
dassk-teachers-620.jpg နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သြဂုတ်လ ၄ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ ပညာရေး မြှင့်တင်မှု အကောင်အထည်ဖေါ်ရေး နှီးနှောဖလှယ်ပွဲမှာ ဆရာ၊ ဆရာမတွေကို နှုတ်ဆက်နေစဉ်
Photo: Myanmar State Counsellor Office

အနာဂတ် ကောင်းမွန်ရေးဟာ ပညာရေးအပေါ်မူတည်နေပြီး ပညာရေး ကောင်းမွန်ရေးဟာ ဆရာ ဆရာမတွေ အပေါ် မူတည်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အားကစားကျေးရွာမှာကျင်းပတဲ့ ပညာရေး မြှင့်တင်မှု အကောင် အထည်ဖေါ်ရေး နှီးနှောဖလှယ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဆရာ ဆရာမတွေကို တိုက်တွန်းပြော ကြားခဲ့တာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဆရာ ဆရာမတွေအနေနဲ့ ကျောင်းသူ ကျောင်းသားတွေကို သင်ကြားတဲ့အခါ မှတ်ဉာဏ်ကောင်းအောင် သာမက တွေးခေါ် မြော်မြင် ဆင်ခြင်သုံးသပ်တဲ့ ဉာဏ်ပညာရရှိအောင် သင်ကြားပေးကြဖို့ကိုလည်း ပြောကြား ခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာန သင်ကြားရေးလုပ်ငန်းတွေမှာ ဆရာမတွေကများပြီး ဆရာတွေ နည်းနေတဲ့အချက်ကိုလည်း စဉ်းစားရမှာဖြစ်ကြောင်းလည်း ပြောခဲ့သလို ဆရာ ဆရာမတွေ အနေနဲ့ တပည့်တွေကို ရင်သွေးပမာ စေတနာ ထားပြီး ခွဲခြားဆက်ဆံမှု မပြုဘဲ စာမတော်သူ စာညံ့သူများကို အထူး ဂရုစိုက်ကြရမှာ ဖြစ်ကြောင်းလည်း ပြောကြား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။