ဒေါ်အောင်ဆန်းစုကြည် မိတ္ထီလာ လွတ်လပ်ရေးကွင်းမှာ ဟောပြောခွင့်မရ
2012.03.02
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်က တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးဖွင့်ပွဲနှင့် ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွင် အဖွဲ့ချုပ် ဗဟိုနာယက ဦးဝင်းတင်(ယာ)၊ဒေါ်ဖြူဖြူသင်း(ဝဲ)နှင့် NLD ကိုယ်စားလှယ်လောင်း ဦးအောင်ညွန့်တို့ တက်ရောက်လာစဉ်။
Photo courtesy of NLD Web site
မိထ္တီလာမြို့မှာ အောင်မင်္ဂလာကွင်းမှာ ဟောပြောခွင့်ရဖို့ ထပ်မံ လျှောက်ထားလိုက်တယ်လို့ သိရပါတယ်။
ဒီအတောအတွင်း မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်အတွင်း ရပ်ကွက် လေးခုမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲနဲ့ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။
မဟာအောင်မြေမြို့နယ်ထဲက မဟာမြိုင်၊ ဗောဓိကုန်း၊ စိန်ပန်း၊ ဒေးဝန်း ရပ်ကွက်တွေမှာ ဖွင့်လှစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲတွေကို အန်အယ်လ်ဒီ သဘာပတိအဖွဲ့ဝင်
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နဲ့ မဟာအောင်မြေမြို့နယ် အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအုံးကြိုင်တို့ တက်ရောက်ဖွင့်လှစ်ပြီး အမှာစကား
ပြောကြားခဲ့ကြပါတယ်။
ဒါ့အပြင် မန္တလေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေးအဖွဲ့က တံတားဦးလေဆိပ်ကို မနက်ဖြန် ရောက်ရှိလာမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့
စီစဉ်ထားတဲ့ ခွပ်ဒေါင်းနဲ့ ကြယ်ပုံပါ အလှပြယာဉ်နဲ့ မန္တလေး ဆယ်မြို့နယ်အတွင်း လှည့်လည်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ လူထုကို ရှင်းပြကြကြောင်း သိရပါတယ်။









