NCA စာချုပ် အားလုံးမပါရင် စိတ်ဝမ်းကွဲမှာ ဒေါ်အောင်ဆန်း စုကြည် စိုးရိမ်

2015-10-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အင်းတော်ကြီးဒေသ နန့်မွန်းကျေးရွာ လယ်ပုံတန်းရပ်ကွက် အားကစားကွင်းမှာ အောက်တိုဘာ ၄ ရက်နေ့က မဲဆွယ်စည်းရုံးဟောပြောနေစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အင်းတော်ကြီးဒေသ နန့်မွန်းကျေးရွာ လယ်ပုံတန်းရပ်ကွက် အားကစားကွင်းမှာ အောက်တိုဘာ ၄ ရက်နေ့က မဲဆွယ်စည်းရုံးဟောပြောနေစဉ်
Photo: Kyaw Myo Min/ RFA

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး စာချုပ်မှာ အသိသက်သေအဖြစ် လက်မှတ်ရေးထိုးဖို့ဆိုရင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အားလုံး ပါဝင်ဖို့လိုအပ်ကြောင်း အားလုံးမပါဝင်ဘဲ လက်မှတ်ရေးထိုးလိုက်မယ်ဆိုရင် တိုင်းရင်း သားတွေကြားထဲ စိတ်ဝမ်းကွဲအောင် လုပ်သလိုမျိုး ဖြစ်သွားမလားလို့ စိုးရိမ်မိကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့မှာ မနေ့ညနေက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ်စည်း ရုံးဟောပြောရာမှာ တက်ရောက်လာတဲ့ ဒေသခံတစ်ဦး က အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ကို ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့်မတက်တာလဲလို့ မေးမြန်းရာမှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။

"အခုကျမတို့သိသလောက်ကတော့ ၈ ဖွဲ့နဲ့ လက်မှတ်ထိုးမယ်လို့ကြားပါတယ်၊ အဲ့တော့ ကျမတို့အဖွဲ့ချုပ်ကို ဖိတ်ရင်တော့ ကျမတို့က ကိုယ်စားလှယ်လွှတ်မှာပါ၊ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ကျမတို့ သက်သေလက်မှတ်ထိုးရမယ်ဆိုရင် တိုင်းရင်းသားတွေအားလုံး စုံစုံညီညီပါစေချင်ပါတယ်၊ စုံစုံညီညီပါတဲ့ အခါမှ ကျမတို့ထိုး သင့်တယ်လို့ ကျမတို့ယုံကြည်ပါတယ်၊ ကျမတို့က မစုံညီပဲလက်မှတ်ထိုးလိုက်ရင် တိုင်းရင်းသားတွေ ကြားထဲမှာ စိတ်ဝမ်းကွဲအောင် လုပ်သလိုများဖြစ်သွားမလားဆိုပြီး စိုးရိမ်စိတ်ရှိပါတယ်၊ အပစ်အခတ်ရပ် စဲရေးဖြစ်နိုင်သလောက်ဖြစ်မြောက်တာကို ကျမတို့အနေနဲ့ ကြိုဆိုပါတယ်၊ အပြည့် အဝဖြစ်မြောက်သည် ထိစောင့်ပြီးတော့မှ ပါဝင်ချင်ပါတယ်"

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ဟာ လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်မှာ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။ ကျန်တဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၇ ဖွဲ့က လက်မှတ်မရေး ထိုးသေးဘူးလို့ ပြောထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမတိုင်ခင်မှာ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်လာမှာတွေ ရှိနိုင်ကြောင်း မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ အဲဒီလို လုပ်ဆောင်မှုတွေရှိလာရင် သတိရှိကြဖို့ကိုလည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ စနေနေ့က ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က ဝန်ထမ်းလေ့ကျင့်ရေးသင် တန်းကျောင်းရှိတဲ့ ဖောင်ကြီး၊ ရဲမွန်ရွာသစ်နဲ့ ရဲမွန် တပ်မြို့တို့မှာလည်း ဟောပြောခဲ့ပြီး တနင်္ဂနွေနေ့က လှည်းကူး မြို့မှာ ဟောပြောခဲ့တာ ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနေ့မှာ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်တဲ့သူတွေ ရှိနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိထားကြဖို့ ရန်ကုန်တိုင်း မှော်ဘီ တိုက်ကြီးမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးမိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး RFA အဖွဲ့သူ မခင်ခင်အိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (7)
Share

အမည်မဖော်လိုသူ

စိတ်ဝမ်းကွဲ မယ်ဆိုပြီး နိမိတ်ပြပြောလိုက်တာတော့မကောင်းပါ
မပြောသင့်ပါ

Oct 15, 2015 12:38 PM

ဦးစိန်​၀င်း

တိုင်းပြည်​​အေးချမ်းမှု ငြိ​မ်းချမ်းမှုကို လိုခြင်​တယ်​ ​ဆောင်​ရွက်​​ပေးမယ်​လို့ အ​မေစု​ကြွေး​ကြော်​ထားတယ်​​လေ၊ စိတ်​၀မ်း ကွဲမှာ စိုးရိမ်​​တယ်​ဆိုတာအ​ကြောင်းပြချက်​ပါ၊ အ​မေစုမပါ​တော့ မထိုးတဲ့အဖွဲ ​တွေကိုတရုပ်​ရဲ့ဖိအား​ပေးတာကို ​ထောက်​ခံသလိုဖြစ်​မှာ​ပေါ့၊အဲဒါကမှ တိုင်းပြည်​နဲ့ ချီပီး
တိုင်းပြည်​ရဲ့ ပြည်​တွင်း​ရေးကို ပြည်​ပ၀င်​​ရောက်​စွက်​ဖက်​မှုရဲ့ စိုးရိမ်​စရာစိတ်​ပူစရာ အကြီးစားပဲ

Oct 12, 2015 10:02 PM

အမည်မဖော်လိုသူ

ဒေါက်တာ တူးဂျာ မကြိုက်တာက တော့ သူတို့  တရုပ်နဲ့  ပေါင်းပြီး သစ်ခိုး ထုတ်တာ ပြောလို့ ပါ။ အုပ်ချုပ်ရေး မပါရင် သစ်ခိုးခုတ် ဘို့ နေနေသာသာ နိုင်ငံတွင်းတောင် ခိုးဝင်လို့  ရမှာ မဟုတ်ဘူး။

Oct 12, 2015 09:01 PM

အမည်မဖော်လိုသူ

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်နေတုန်းကတော့ ဒေါ်စု က သူ့ ကိုပါဝင်စေချင်ရင် ပါဝင်ဘို့ အဆင်သင့် ပဲလို့  ဖိတ်ခေါ်တာကိုတောင် အရာမသွင်း မဖိတ်ခေါ်ပဲ ချောင်ထိုးထားပြီးတော့များ ခုကျမှ တရားခံ ထဲမှာ အပါအ၀င် ဖြစ်အောင် ခေါ်တာများ ရိုးသားမှုမှ မရှိတာ။ သက်သေ အရေးမကြီးရင်မခေါ်နဲ့ ပေါ့။ ပြည့်ဝ တဲ့ အပစ်ရပ်ရေးမှ မဟုတ်သေးတာ။ ၈ ဖွဲ့ နဲ့  အပစ်ရပ်ထားမှ ကျန်တဲ့ အဖွဲ့ ကို သဲသဲ မဲမဲ တိုက်လို့ ရမှာ။

Oct 12, 2015 08:39 PM

သေချာ​လေ့လာပါ

အပစ်​ရပ်​ပီး နိုင်​ငံ​ရေး​ဆွေး​နွေးပွဲမှာ ပါတီအားလုံးပါမယ်​​လေ၊အခု​လုပ်​မှာ အပစ်​ရပ်​​ရေးလက်​မှတ်​ထိုးပွဲ၊၊ဒါ​တောင်​နားမလည်​ဖူးလား၊

Oct 13, 2015 07:19 AM

အိမ်​​ထောက်​ပြုသလိုပါပဲ

အိမ်​​ထောင်​ပြုသလို​ပေါ့၊အို​အောင်​မင်း​အောင်​​ပေါင်းရမှာက တကယ်​ချစ်​လို့ ယူမယ့်​သူ၂ ဦး၊ အသိသက်​​သေက နှစ်​ဦး စလုံးအ​ပေါ် သြဇာ​ညောင်းသူဆို​တော့လင်​မယား​တွေအခန့်မသင့်​လို့ ရန်​ဖြစ်​ရင်​​တောင်​ ကွဲတဲ့အထိမဖြစ်​ဖူး​ပေါ့ ၊မချစ်​လို့  ယူရင်​​တောင်​ သံ​ယောဇဉ်​နဲ့ ချစ်​သွားပီးသက်​​သေကလည်း အထက်​ကလိုဆို​ရရင်​​တော်​ရုံမကွဲဖူး​ပေါ့၊​နောက်​ပိုင်း တဦး ကိုတဦးနားလည်​ပီး တသက်​လုံး​သေတဲ့အထိအိမ်​​ထောင်​ဖက်​ဖြစ်​သွားတာ​ပေါ့

Oct 13, 2015 10:37 AM

အမှန်​မြင်​ပြည်​သူ

နားလည်​ရသ​လောက်​ပြည်​တွင်းပြည်​ပအသိသက်​​သေ​ခေါ်တာက တိုင်းရင်း သား​အားလုံးက အဆိုပြုတာကို အစိုးက လက်​ခံပီးသ​ဘော တူထားတာ၊ အခုမှ စိတ်​ကူးရလို့ ​ထခေါ်တာမဟုတ်​ဖူး၊ဒါ​ကြောင့်​ အ​မေစု တက်​သင့်​တာ၊နိုင်​ငံ တကာအလယ်​မှာ ​ခေါင်း​ဆောင်​​တွေကအစ စည်းလုံးမှု မရှိပဲသူသ​ဘောသူ​ဆောင်​ပီးတ​ယောက်​တမျိုးဖြစ်​​နေတာ ရှက်​ဖို့ ​ကောင်းလို့ပါ၊

Oct 13, 2015 10:48 AM

ကောင်​ဆက်

အ​မေစုရယ်​ တိုင်းရင်းသား​ခေါင်း​ဆောင်​​တွေနဲ့ အစိုးရက ယုံကြည်​အ​လေးထားလို့ ဖိတ်​​ခေါ်တာ တက်​သင့်​တာ​ပေါ့၊ အစိုးရနဲ့ တပ်​မ​တော်​နဲ့ အလှမ်း​ဝေးရတာ ဆက်​ဆံ​ရေး မနီးပ်​တာ​တွေက အခုလို ဆုံးဖြတ်​ချက်​​တွေ​ကြောင့်​လည်းပါတယ်​၊ တိုင်းပြည်​အတွက်​ပူးသွားရမဲ့ကိတ်​စ​တွေအများကြီးကြုံခဲ့​ပေမဲ့ ခွာပီး ဆန့်​ကျင်​ဘက်​​တွေသွား​နေ​တော့ အလှမ်း​ဝေးရတာ​ပေါ့၊ အ​မေစုနားက မဟာဗျူဟာအကြံ​ပေး​တွေက ခုချိန်​ထိ အစိုးရဘာလုပ်​၂ဆန့်​ကျင်​ဆိုတဲ့စိတ်​​တွေရှိတုန်းထင်​တယ်​၊အ​မေစုလည်းအားလုံးမပါနိုင်​ဖူးဆိုတာသိပီးသားပါ။

Oct 12, 2015 07:56 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့