ဒေါ်အောင်ဆန်းစုကြည် ပရာ့ဂ် ရောက်ပြီ

2019-06-01
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချက်သမ္မတနိုင်ငံသို့ သွားရောက်ရန် ၂၀၁၉၊ ဇွန် ၁ ရက်နေ့က နေပြည်တော်မှ ထွက်ခွာစဉ်
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချက်သမ္မတနိုင်ငံသို့ သွားရောက်ရန် ၂၀၁၉၊ ဇွန် ၁ ရက်နေ့က နေပြည်တော်မှ ထွက်ခွာစဉ်
Photo: Myanmar State Counsellor Office

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ချက်နိုင်ငံ ပရာ့ဂ်မြို့ကို စနေနေ့ မနေ့က ရောက်ရှိပါတယ်။ အခုရုံးပိတ်ရက်မှာ တခြား ကိုယ်ပိုင်အစီအစဉ်တွေရှိပြီး တနင်္လာနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်နိုင်ငံ ဝန်ကြီးချုပ် Andrej Babis အွန်ဒရေး ဘာဘစ်ဂ်ျ နဲ့ နိုင်ငံခြားရေးဝန်ကြီး Tomas Petricek တိုးမတ်စ် ပက်ထရေဇက် တို့ကို တရားဝင်တွေ့ဆုံ ဆွေးနွေးမယ်လို့ သိရပါတယ်။ ဒါ့အပြင် ချက်နိုင်ငံ သမ္မတ Milos Zeman မီးလို ဇီးမန် နဲ့လည်း အချိန်အနည်းငယ် တွေ့ဆုံနှုတ်ဆက်မယ်လို့ ပရာ့ဂ် ရေဒီယိုက ကြေညာထားပါတယ်။

အဲဒီနောက် အင်္ဂါနေ့မှာတော့ စီပွားရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောပါလိမ့်မယ်။ အခု ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး နဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး တို့လည်း လိုက်ပါလာခဲ့ကြတယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့