အခမဲ့ပညာသင်ကျောင်း ဆရာ၊ ဆရာမတွေကို ဒေါ်အောင်ဆန်း စုကြည် ချီးကျူး

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပညာဒါနကျောင်းတွေက ဆရာ၊ ဆရာမတွေအတွက် ဂုဏ်ပြုပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ကျင်းပခဲ့ရာမှာ NLD ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ နာယက ဦးတင်ဦးအပါအဝင် NLD ပညာဒါနကျောင်းတွေက ဆရာ၊ ဆရာမတွေ တက်ရောက်ခဲ့ပါတယ်။

ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ မေလ ၁၁ ရက်နေ့က ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပညာဒါနကျောင်းတွေက ဆရာ၊ ဆရာမတွေကို ဂုဏ်ပြုတဲ့ အခမ်းအနားပွဲမှာ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နာယက ဦးတင်ဦးတို့ကို တွေ့ရစဉ် photo: NLD Facebook

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပညာဒါနကျောင်းတွေက ဆရာ၊ ဆရာမတွေအတွက် ဂုဏ်ပြုပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ကျင်းပခဲ့ရာမှာ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ နာယက ဦးတင်ဦးအပါအဝင် NLD ပညာဒါနကျောင်းတွေက ဆရာ၊ ဆရာမတွေ တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပညာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေဟာ အလင်းရောင်ပေးနေတဲ့ ဖယောင်းတိုင်နဲ့တူကြောင်း ၊ ဘယ်လောက်ပဲ မီးကူးယူသွားပါစေ ကုန်ခမ်းမသွားကြောင်း ဂုဏ်ပြုတင်စားပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေ ပညာတတ်ခြင်းအားဖြင့် ကြောက်ရမှန်းသိပေမယ့် အလုပ်တစ်ခုကို ဆုံးဖြတ်ချက်ချမှတ်လုပ်ရဲတာက  တကယ့်သတ္တိဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွင့်လှစ်ထားတဲ့ ပညာဒါနကျောင်းပေါင်း ၁၀၀ ကျော်လောက်ရှိပြီး ရန်ကုန်တိုင်းအတွင်းမှာ ကျောင်းပေါင်း ၉၀ ကျော်လောက်ရှိကြောင်း၊  အဲဒီကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ဆရာ၊ ဆရာမစုစုပေါင်း ၉၀၀ ကျော်လောက်ရှိကြောင်း ပညာရေးကွန်ရက်တာဝန်ခံ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

အခမ်းအနားမှာ အခမဲ့ပညာဒါနကျောင်းတွေမှာ စာသင်ပေးနေတဲ့ ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သလို ဂုဏ်ပြုမှတ်တမ်းလွှာတွေလည်း ပေးအပ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org