ဒေါ်အောင်ဆန်းစုကြည်အတွက် ရဲတပ်ဖွ့ဲလုံခြုံရေးချပေး


2016.02.12
dassk-sagaing-trip-620.jpg စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မှာ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို အင်တာနက်ဖေ့စ်ဘွတ် လူမူကွန်ရက်စာမျက်နှာ ကနေ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ ရေးသားချက်တွေ ပေါ်ပေါက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် ရဲအစောင့်အရှောက်တွေ ပေးထားတယ်လို့ အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးကို ကိုးကားပြီး AFP သတင်းတစ်ရပ်မှာ ရေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို မူလက NLD ပါတီဝင် လူငယ်တွေနဲ့ အဖွဲ့ဝင်တွေက တာဝန်ယူထားတာဖြစ် ပြီး အခုရဲအစောင့်အရှောက်တွေ ထားရှိတယ်လို့ အမည်မဖော်လိုတဲ့ NLD အရာရှိတစ်ဦးက ပြောတယ်လို့ ဆိုပါ တယ်။ ပန်ကြားချက်အရ လုံခြုံရေးချပေးတာဖြစ်ပြီး တရားဝင်ဆောင်ရွက်တာမျိုး မဟုတ်ဘူးလို့ နေပြည်တော် ရှိ ပြည်ထဲရေးဝန်ကြီးဌာန ထိပ်တန်းရဲအရာရှိတစ်ဦးက ပြောဆိုကြောင်း AFP သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။