အခြေခံဥပဒေပြင်ရေး မူကြမ်းဆွေးနွေးဖို့ လွှတ်တော် အမတ်နှစ်ရာကျော် လက်မှတ် ထိုးတောင်းဆို

0:00 / 0:00

0:00 / 0:00

0:00 / 0:00

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ထံ တင်ပြဆွေးနွေးဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၀၀ကျော်က လက်မှတ်ရေးထိုးတောင်းဆိုလိုက်ပါတယ်။

ပုဒ်မ ၄၃၆ အပါအဝင် အရေးကြီးတဲ့ပုဒ်မတွေကို ပြင်ဆင်ဖို့အတွက် လက်မှတ်ရေးထိုးတောင်းဆိုလိုက်တာ လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက ပြောပါတယ်။

"ဒီမှာဆွေးနွေးကြတယ် ဘာတွေပြင်မှာလဲဆိုတဲ့ ၄၃၆(က)၊ ၄၃၆(ခ) လောလောဆယ်တော့ နိုင်ငံတော်အတွက် အရေးကြီးတဲ့အချက်တွေ ပြင်ရမှာဖြစ်ပါတယ်၊ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ တိုင်းဒေသကြီး ပြည်နယ် ဝန်ကြီးချုပ်ရွေးတာတွေ စသဖြင့် ဒါတွေအားလုံးပါမှာဖြစ်ပါတယ်"

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၂၀ ရာခိုင်နှုန်းက ဖဲ့ွစည်းပုံပြင်ဆင်တဲ့မူကြမ်းနဲ့ အတူ ဆွေးနွေးပေးဖို့ တင်ပြရင် လက်ခံဆွေးနွေးရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၅ မှာ ပြဌာန်းထားတာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေအရ တင်ပြတောင်းဆိုကြတာဖြစ်ပါတယ်။

လက်မှတ်ရေးထိုးရာမှာ NLDအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLDပါတီကိုယ်စားလှယ် ၄၃ ဦးလည်း ပါဝင်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှုကော်မတီအတွင်းရေးမှူး ဦးအေးမောက်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

တဆက်တည်း နိုင်ငံရေးပါတီခေါင်းဆောင်တွေရဲ့ သဘောထားအမြင်တွေကို RFA အဖွဲ့သူမခင်ခင်အိ တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။