နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အဖွဲ့ဟာ စင်ကာပူနိုင်ငံ အကျင့်ပျက် လာဘ်စားမှု စုံစမ်းစစ်ဆေးရေးဌာနကို မနေ့ကသွားရောက်လေ့လာခဲ့ပါတယ်။
ညွှန်ကြားရေးမှူး မစ္စတာ ဝုန်ဟုန်ကွမ် က အဲဒီဌာနရဲ့ ဖွဲ့စည်းပုံနဲ့ ဆောင်ရွက်ချက်တွေကို ရှင်းလင်းပြော ကြားပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း သူသိလိုတာတွေကို ပြန်လည်မေးမြန်းခဲ့ပါတယ်။
