၂ဝ၁၅ ရွေးကောက်ပွဲမှာ စာနယ် ဇင်းတွေက ကူညီဖို့ ဒေါ်အောင် ဆန်းစုကြည် ပြောကြား


2015-05-03
Share
dassk-world-press-freedom-305.jpg မေလ ၃ ရက်နေ့က ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပပြု လုပ်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနား တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။
Photo: Kyaw Htoon Naing, Win Naung Toe, Win Ko Ko Latt/ RFA

၂ဝ၁၅ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက်အရေးပါပြီး နိုင်ငံရေး အချိုးအကွေ့ တစ်ခုဖြစ်တာကြောင့် သတင်း မီဒီယာ စာနယ်ဇင်းသမားတွေအနေနဲ့ ကူညီကြဖို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီနေ့ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပတဲ့ ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားမှာ ဒေါ်အောင် ဆန်းစုကြည်က အဲဒီလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါ တယ်။

"ကြုံတုန်း ကျမတို့ရဲ့ စာနယ်ဇင်းလောကကို ပြော ချင်တာကတော့ ၂၀၁၅ ရွေးကောက်ပွဲဆိုတာဟာ ကျမတို့နိုင်ငံအတွက် အင်မတန်မှအရေးကြီးတဲ့ အချိုး အကွေ့တစ်ခုဖြစ်ပါတယ်၊ ၂၀၁၀ ရွေးကောက်ပွဲထက်အများကြီးပိုပြီးတော့ အဓိပ္ပါယ်ပါမယ့် ရွေးကောက်ပွဲဖြစ်ပါတယ်၊ အဲ့တော့ ဒီရွေးကောက်ပွဲများဟာ လွတ်လပ်ပြီးတော့ တရားမျှတဖို့အတွက် စာနယ်ဇင်းလောက ကနေ တတ်နိုင်သမျှ ကူညီချင်းအားဖြင့် ကျမတို့နိုင်ငံရဲ့အနာဂတ်ကို အကောင်းဆုံးဆောက်လုပ်ပေးနေ တာ ဖြစ်မယ်လို့ ကျမသတိပေးချင်ပါတယ်"

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က စာနယ်ဇင်းသမားတွေအနေနဲ့ လေ့လာမှု အားကောင်းဖို့ လိုအပ်သလို မိမိမေးမြန်း လိုတဲ့ အကြောင်းအရာတွေကိုလည်း နားလည်သိကျွမ်းအောင် ကြိုတင်လေ့လာကြဖို့ကိုလည်း သူ့ရဲ့ အတွေ့အကြုံ နဲ့နှိုင်းယှဉ်ပြီး ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်က သတင်းမီဒီယာလွတ်လပ်ခွင့်လို့ ပြောနေကြပေမယ့် အယ်ဒီတာ လွတ်လပ် ခွင့်ကို ပြောဖို့ မေ့နေကြကြောင်း ပြောပါတယ်။

ဗြိတိန်လို၊ အမေရိကန်လို နိုင်ငံမျိုးမှာတောင် မီဒီယာအုပ်စုကြီးတွေက နိုင်ငံရေး၊ စီးပွားရေးအကျိုးစီးပွားအတွက် အယ်ဒီတာလွတ်လပ်ခွင့်တွေကို ပိတ်ပင် ထားတာ တွေ့ရကြောင်းနဲ့ မြန်မာနိုင်ငံမှာလည်း နိုင်ငံရေး၊ စီးပွားရေးအကျိုး စီးပွား အတွက် ငွေကြေးအင်အားသုံးပြီး အသုံးချနေသူတွေရှိကြောင်း အဲဒီလို ဖြစ်ပျက် နေတာတွေဟာ စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် အန္တရာယ်ရှိကြောင်း ပြောပါတယ်။

အယ်ဒီတာလွတ်လပ်ခွင့်အတွက် နိုင်ငံတကာ စံညွှန်းနဲ့အညီ အယ်ဒီတာလွတ်လပ်ခွင့် ကို အကာအကွယ်ပေးသွားဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း ပြောပါတယ်။

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြန်ကြားရေးဌာနဝန်ကြီး ဦးရဲထွဋ်တို့ တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး RFA သတင်းထောက် ကိုဝင်းကိုကိုလတ် သတင်းပေးပို့ထားတာကိုလည်း တဆက်ထဲ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။