သြင်္ကန်တာဝန်ကျဝန်ထမ်းတွေ နဲ့ ပြည်သူတွေကို ဒေါ်အောင်ဆန်း စုကြည် ကျေးဇူးတင်

သြင်္ကန်ပွဲတော်ရက်တွေအတွင်း ပြည်သူတွေ လွတ်လပ်ပျော်ရွှင်ဘေးကင်းအောင် ဆင်နွှဲနိုင်ဖို့ နယ်စွန်နယ် ဖျားဒေသတွေနဲ့ မြို့ရွာတွေမှာ လုံခြုံရေးတာဝန်တွေ ထမ်းဆောင်ခဲ့ကြတဲ့ တပ်မတော်သားတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ ယာဉ်ထိန်းရဲတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၁၇ ရက်၊ ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက် ပါတယ်။

ဒါ့ပြင် သြင်္ကန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပြည်သူတွေကို ၂၄ နာရီ အချိန်ပြည့်ကျန်းမာရေး စောင့်ရှောက် မှု ဆောင်ရွက်ပေးခဲ့ကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် ပြည်သူ့ရေးရာဝန်ဆောင်မှုနဲ့ ရုံးလုပ်ငန်းတွေ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ နိုင်ငံဝန်ထမ်းများအားလုံးနဲ့တကွ တတ်နိုင်တဲ့နေရာက မေတ္တာစေတနာစိတ် အပြည့်နဲ့ ကူညီခဲ့ကြတဲ့ မီးသတ်၊ ကြက်ခြေနီ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ နိုင်ငံသူ နိုင်ငံသားတွေအားလုံးကိုပါ အထူးကျေးဇူး တင်ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ထုတ်ပြန်တဲ့ ပြည်သူသို့ ကျေးဇူးတင်လွှာမှာ ရေးသားထား ပါတယ်။