အခြေခံဥပဒေပြင် ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ၂၀၁၅ ခုနှစ်မတိုင်ခင် အမြန်ဆုံးပြုပြင်စေလိုကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့၊ မီကာဆာဟိုတယ်မှာ ၃ ရက်ကြာကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲမှာ တက်ရောက်ဆွေးနွေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် photo: RFA/ Kyaw Zawe Win

၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ၂၀၁၅ ခုနှစ်မတိုင်ခင် အမြန်ဆုံးပြုပြင်စေလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့တိုက်တွန်းပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ မီကာဆာဟိုတယ်မှာကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ၃ ရက်ကြာ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

"ကျမတို့အနေနဲ့ကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ မတိုင်မီကို ပြုပြင်စေချင်တယ်၊ ဘာဖြစ်လို့လဲဆိုရင်တော့ အမြန်ဆုံးပြုပြင်လို့ရှိရင် အကောင်းဆုံးပဲ၊ ဒီလိုအမြန်ဆုံးပြုပြင်လိုက်မှ ၂၀၁၅ ရွေးကောက်ပွဲရောက်တဲ့အခါကျရင် ပြည်သူအများကလည်း ကျေကျေနပ်နပ်ရှိမယ်၊ ယုံယုံကြည်ကြည်ရှိမယ်"

ဒါ့ပြင်ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုတဲ့ဆန္ဒရှိတယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးမှု ပိုမိုရရှိလာမှာဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့လည်း နီးစပ်လာမှာဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မယ်လို့ စဉ်းစားတဲ့အခါ လွှတ်တော်တွင်းက တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကိုပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org