ရေဘေးအတွက် နိုင်ငံတကာ ကို ဒေါ်အောင်ဆန်း စုကြည် မေတ္တာရပ်ခံ

ရေဘေးဒုက္ခသည်တွေရဲ့ဘဝ ပြန်လည် ထူထောင်ရေးအတွက် နိုင်ငံတကာက ရက်ရက်ရောရောကူညီပံ့ပိုးဖို့ NLD အမျိုးသားဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က မေတ္တာရပ်ခံ လိုက်ပါတယ်။

ရေးဘေးသင့်ပြည်သူတွေ ပြည်လည်ထူထောင်ရေး နိုင်ငံတကာက အကူအညီပေးဖို့ သြဂုတ်လ ၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းတောင်းဆိုစဉ် Photo: Aung San Suu Kyi Facebook

ရေဘေးဒုက္ခသည်တွေရဲ့ဘဝ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာက ရက်ရက်ရောရောကူညီပံ့ပိုးဖို့ NLD အမျိုးသားဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က မေတ္တာရပ်ခံလိုက်ပါတယ်။

NLD facebook လူမှုကွန်ရက်ကနေ အဲဒီ့လို တိုက်တွန်းလိုက်တာပါ။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကျမတို့ကို စေတနာထက်ထက်သန်သန်နဲ့ ကူညီတဲ့အခါ အချိတ်အဆက် မိမိကူညီစေလိုပါတယ်လို့ ပြောသွားတာပါ။

တိုင်းနဲ့ ပြည်နယ် ၁၄ ခု အနက် ၁၂ ခုမှာ ရေဘေးဒုက္ခကြုံရပြီး တချို့နေရာတွေမှာ ရေပြန်ကျသွားပေမဲ့ တချို့နေရာတွေမှာ ခုထိ ရေပြန်မကျသေးပါဘူး။ ဒီနေရာ ဒီဒေသက လူတွေဘ၀ ပြန်လည်ထူထောင်ရေး လိုအပ်နေတာမို့ နိုင်ငံတကာကို ဗွီဒီယိုကတဆင့် မေတ္တာရပ်ခံတာပါ။

နိုင်ငံတကာကို အင်္ဂလိပ်ဘာသာနဲ့ ပြောကြားပြီး မြန်မာနိုင်ငံသားတွေအတွက် မြန်မာလိုပြောထားတဲ့ ဗွီဒီယိုလည်း NLD facebook မှာ တင်ထားပါတယ်။ဒါ့အပြင် မူမမှန်တဲ့ အကြောင်းပြချက်နဲ့ သဘာဝဘေးအန္တရာယ်ကို အသုံးချပြီး နိုဝင်ဘာမှာကျင်းပမယ့် ရွေးကောက်ပွဲပျက်ပြားမှာ စိုးရိမ်တဲ့အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြော ပါတယ်။

NLD နဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဟာ ချင်းပြည်နယ်ထိ အရောက်သွားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။နိုင်ငံတကာက ကူညီတဲ့အခါ အချိတ်အဆက်မမိရင် လိုရာမရောက်ဘဲ လမ်းလွဲရောက်သွားနိုင်တဲ့အကြောင်း၊ ရေဘေးဒုက္ခသည်တွေ ရသင့်ရထိုက်သလောက်မရဘဲရှိနိုင်တဲ့အကြောင်း၊ နိုင်ငံတကာဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ တခြားပရဟိတအဖွဲ့တွေနဲ့ ချိတ်ဆက်ကူညီနိုင်တဲ့အကြောင်း စတာတွေလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

ဒီမေတ္တာရပ်ခံချက်နဲ့ ပတ်သက်ပြီး ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org