ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီး ၅၀ ရာခိုင်နှုန်း ပါဝင်စေ လိုကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြော

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေကို ၅၀ ရာခိုင်နှုန်း ပါဝင်စေလိုကြောင်း နဲ့ ဆွေးနွေးပွဲတွေမှာ ဝင်ထိုင်မှ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်တာ မဟုတ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် နေပြည်တော် MICC 2 မှာ ကျင်းပတဲ့ ဂုဏ်ပြုအခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားတဲ့အတွက် စီးပွားရေးကဏ္ဍကနေ ငြိမ်းချမ်းရေးကို ဘယ်လို ကူညီနိုင်မလဲဆိုတာ စဉ်းစားကြဖို့ အမျိုးသမီးလုပ်ငန်းရှင်တွေကို တိုက်တွန်းခဲ့ပါတယ်။

အမျိုးသမီးတွေအနေနဲ့ မိမိတို့ရဲ့ ဓနအင်အားနဲ့ စီးပွားရေးကျွမ်းကျင်မှုအင်အားကို ငြိမ်းချမ်းရေးအတွက် သုံးကြဖို့ လည်းပြောခဲ့ပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်ဖို့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတွေက တောင်းဆို ထားပါတယ်။

ဒီနှစ်အတွက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဆောင်ပုဒ်က ၂၀၃၀ အမီ ကမ္ဘာကြီးကို ပြောင်းလဲဖို့ အမျိုးသမီးများရဲ့ စီးပွားရေးစွမ်းဆောင်မှုကို မြှင့်တင်စို့ ဖြစ်ပါတယ်။