မြေယာသိမ်းမှုများ ရပ်တန့်ဖို့ လူမှုအဖွဲ့အစည်းများ တိုက်တွန်း


2014.10.12

ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်ကာလအတွင်း တိုင်းရင်းသားဒေသတွေမှာ သဘာဝသယံဇာတ ထုတ်ယူသုံးစွဲတဲ့ စီမံကိန်းတွေနဲ့ မြေယာသိမ်းဆည်းမှုတွေကို ရပ်တန့်ဖို့ ထားဝယ်မြို့အခြေစိုက် လူမှုအဖွဲ့အစည်းတွေက အစိုးရအဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူကို ဒီကနေ့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

အစိုးရစစ်တပ်နဲ့ ကေအဲန်ယူတို့ အပစ်ခတ်ရပ်စဲပြီးနောက်ပိုင်း တနင်္သာရီတိုင်းကို ဝင်ရောက်လာတဲ့ စီမံကိန်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေ ရှိလာတဲ့အတွက် အခုလိုကြေညာချက် ထုတ်ပြန်တောင်းဆိုရတာဖြစ်တယ်လို့ ထားဝယ်မြို့အခြေစိုက် တာကပေါလူမှုအဖဲ့ွက မနော်လောရာက  ပြောပါတယ်။

"အထူးသဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်တဲ့အရာတွေပေါ့နော်၊ စစ်ကြောင့်မပျက်စီးပေမယ့်လည်း အခုအချိန်မှာက ကုမ္ပဏီအရင်းရှင်တွေကြောင့် ပျက်စီးသွားတဲ့နေရာတွေ ရှိတယ်ပေါ့နော်၊ ကျမတို့ လူမှုဘဝအနေနဲ့ကတော့ သူတို့မှီခိုနေရတဲ့ ချောင်းတွေက မကြည်လင်တော့ဘူးလေ"

အစိုးရနဲ့ တိုင်းရင်းသား အဖဲ့ွအစည်းတွေ ငြိမ်းချမ်းရေးဆွေးနွေးနေပေမယ့် ဒေသခံတိုင်းရင်းသားတွေမှာ  လူမှုဘဝထိခိုက်ပျက်စီးမှု၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုတွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့အတွက် အဲဒီအခက်အခဲတွေကို ဖြေရှင်းပေးဖို့နဲ့ ငြိမ်းချမ်းရေးရရှိပြီး နောက်ပိုင်းကာလမှာမှ ဒေသခံတွေရဲ့ သဘောထားကို ကောက်ခံပြီး စီမံကိန်းတွေကို ပြန်လည်လုပ်ကိုင်ဖို့ အဲဒီ ကြေညာချက်မှာ ပါရှိပါတယ်။

အဲဒီကြေညာချက်ကို ထားဝယ်မြို့အခြေစိုက် ထားဝယ်ဖံ့ွဖြိုးမှုအဖဲ့ွ၊ တာကပေါလူမှုအဖဲ့ွ အပါအဝင် အဖဲ့ွအစည်း ၅ ဖဲ့ွက ဒေသခံတွေရဲ့ သဘောထားကောက်ခံပြီး ထုတ်ပြန်တာဖြစ်ပါတယ်။

ဒီအကြောင်းနဲ ပတ်သက်ပြီး ထားဝယ်မြို့အခြေစိုက် တာကပေါလူမှုရေးအဖဲ့ွဝင် မနော်လောရာ ကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။