သေဆုံးတဲ့ တရုတ်နိုင်ငံသားတွေ အတွက် မြန်မာက လျှော်ကြေးငွေကမ်းလှမ်း

တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ကြံစိုက်ခင်းတစ်ခု ကို မြန်မာလေတပ်က ကြဲချတဲ့ ဗုံးတစ်လုံးကျရောက်ခဲ့ လို့ သေဆုံးခဲ့ရတဲ့ တရုတ်နိုင်ငံသား ၅ ဦးရဲ့ ကျန်ရစ်မိသားစု ဝင်တွေကို သေဆုံးသူတစ်ဦးအတွက် လျှော်ကြေးငွေအဖြစ် အမေရိကန်ဒေါ်လာငွေ တစ်သောင်းတစ်ထောင်ကျော်နဲ့ ညီမျှတဲ့ ယွန်ငွေ ၇ သောင်းစီပေးဖို့ မြန်မာအစိုးရက ကမ်းလှမ်းထားကြောင်း တရုတ်အစိုးရအာဘော် Global Times သတင်းစာမှာ မနေ့က ဖေါ်ပြထားပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ကြံစိုက်ခင်းတစ်ခုကို  မြန်မာလေတပ်က ကြဲချတဲ့ ဗုံးတစ်လုံးကျရောက်ခဲ့ လို့ သေဆုံးခဲ့ရတဲ့ တရုတ်နိုင်ငံသား ၅ ဦးရဲ့ ကျန်ရစ်မိသားစုဝင်တွေကို သေဆုံးသူတစ်ဦးအတွက် လျှော်ကြေးငွေ အဖြစ် အမေရိကန်ဒေါ်လာငွေ တစ်သောင်းတစ်ထောင်ကျော်နဲ့ ညီမျှတဲ့ ယွန်ငွေ ၇ သောင်းစီပေးဖို့ မြန်မာ အစိုးရက ကမ်းလှမ်းထားကြောင်း တရုတ်အစိုးရအာဘော် Global Times သတင်းစာမှာ မနေ့က ဖေါ်ပြထား ပါတယ်။

ဒီသတင်းမှန်ကန်မှုရှိ မရှိ မြန်မာအစိုးရဖက်က ထုတ်ဖေါ်ပြောဆိုကြားခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့ သောကြာနေ့ က ဖြစ်ပွားခဲ့တဲ့ အဲ့ဒီဗုံးကြဲမှုမှာ တခြားလူ ဂ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရသူတွေအတွက်ပါ မြန်မာအာဏာပိုင်တွေက လျှော်ကြေးငွေ ကမ်းလှမ်းခဲ့သလား ဆိုတာကိုတော့ တရုတ်ပြည်ကလာတဲ့ သတင်းမှာ ဖေါ်ပြထားခြင်းမရှိပါဘူး။ ဒီအတောအတွင်း တရုတ်ရဲတပ်ဖွဲ့က မြန်မာနယ်စပ် အနီး နေထိုင်သူတွေကို မြန်မာအစိုးရနဲ့ ကိုးကန့်တပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်မှုကြောင့် ကျရောက်လာနိုင်တဲ့ လက်နက်တွေရဲ့ အန္တရာယ်ကို သတိထားကြဖို့် နှိုးဆော်နေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org