သယံဇာတ ခွဲဝေခံစားခွင့် တောင်းဆိုဖို့ လက်မှတ် ၁ သိန်းကျော်ရရှိ

ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ သဘာဝသယံဇာတွေကရရှိတဲ့ အကျိုးအမြတ်ကို ရခိုင်ပြည်သူတွေလည်း ခံစားခွင့်ရရှိဖို့ ဆိုတဲ့ခေါင်းစဉ်နဲ့ လက်မှတ်စုဆောင်းကောက်ခံနေရာမှာ ဒီနေ့ တစ်လပြည့်တဲ့နေ့မှာ လက်မှတ်ပေါင်း တစ်သိန်းနှစ်သောင်းေကျာ်ရရှိနေပြီလို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က RFA ကို ပြောပါတယ်။

လက်မှတ်ကောက်ခံတဲ့ လှုပ်ရှားမှုကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ဦးဆောင်ကောက်ယူနေတာဖြစ်ြပီး ဆက်လက်ကောက်ခံသွားမယ်လို့ RNDP အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက အခုလိုပြောပါတယ်။

“ဒီလ ၁၈ ရက်နေ့မှာ တစ်လပြည့်တယ်ဆိုတော့ ဗဟိုဌာနချုပ်ကိုပို့ဖို့ လက်မှတ်စုဆောင်းမှုဟာ တစ်သိန်းနှစ်သောင်းကျော်ရသေးတယ်၊ ကျနော်တို့ပေးထားတာက နှစ်လအတိုင်းအတာ ပေးထားတဲ့အခါမှာ တချို့ဒေသတွေမှာ အဲနှစ်လမှာ လက်မှတ်တွေကို မစုဆောင်းရသေးတဲ့ အနေအထားရှိသေးတယ်၊ အဲတော့ ကျနော်တို့က ဒီလနောက်ဆုံးမှာ လက်မှတ်တွေကို အဓိကကောက်ယူသွားမယ်လို့ ညွှန်ကြားထားပါတယ်”

ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းအပါအဝင် တခြားသယံဇာတတွေကရရှိတဲ့ အကျိုးရလာဒ်တွေကို ရခိုင်ပြည်သူတွေလည်း အကျိုးခံစားခွင့်ရရှိဖို့ရည်ရွယ်ပြီး ရန်ကုန်မြို့အပါအဝင် ရခိုင်ပြည်နယ်မြို့နယ် ၁၇ မြို့နယ်မှာ ပြီးခဲ့တဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့ကတည်းက လက်မှတ်တွေကောက်ယူနေတာပါ။

၂ လအတွင်း လက်မှတ်ပေါင်း ၃ သိန်းကျော်ရရှိဖို့ ရည်ရွယ်ထားပြီး အဲဒီလက်မှတ်တွေကို နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဌတို့ထံ တင်ပြသွားမယ်လို့ပြောပါတယ်။