ကရင်နီ ဒုက္ခသည်တွေ ဇာတိရပ်ရွာမှာ ပြန်လည်နေ ထိုင်ရေး လာရောက်မေးမြန်း

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင် မြို့အနီးမှာရှိတဲ့ ထိုင်းမြန်မာနယ်စပ်က ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ က ဒုက္ခသည်တွေ ကို နိုင်ငံတကာ အလှူရှင်အဖွဲ့တွေက နေရပ်ရင်းပြန်ဖို့ ဆန္ဒသဘောထားတွေ မနေ့က လာရောက်မေးမြန်းခဲ့ တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်မြို့အနီးမှာရှိတဲ့ ထိုင်းမြန်မာနယ်စပ်က ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ က ဒုက္ခသည်တွေကို နိုင်ငံတကာ အလှူရှင်အဖွဲ့တွေက နေရပ်ရင်းပြန်ဖို့ ဆန္ဒသဘောထားတွေ မနေ့က လာရောက်မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေ လက်မှတ်ထိုးခဲ့ပြီးဖြစ်တာကြောင့် ကရင်နီဒုက္ခသည်တွေအနေနဲ့ နေရပ်ရင်းပြန်လိုစိတ် ရှိ မရှိဆိုတာတွေကို စခန်းအမှတ် ၁ အတွင်း လာရောက်လေ့လာမေးမြန်းခဲ့တာဖြစ်တယ်လို့ KNRC ကရင်နီဒုက္ခသည်ကော်မတီ ဥက္ကဌ မန်းစောက အခုလိုပြောပါတယ်။

“စခန်းသူ စခန်းသားတွေက ဘယ်လို သဘောရလဲ၊  ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ပြန်ဖို့ကိစ္စတွေ ဘာတွေပေါ့၊ လူထုက ဘာတွေဘယ်လို သဘောထားလဲ အဲ့ဒီအပေါ်မှာပေါ့၊ ကျနော်တို့က ဒီအပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ ကျနော်တို့ ဘာတစ်ခုမှ တိတိကျကျမရှိသေးတဲ့အတွက် ဒါကို အချိန်မကျရသေးတဲ့အကြောင်းပေါ့၊ ပြန်ဖို့လာဖို့ ကိစ္စကတော့၊ လူထုကပြန်ဖို့ စိတ်မကူးသေးဘူးပေါ့ အဲ့ဒါပဲ။ သူတို့ကတော့ ဘာမှ မပြောဘူး”

လာရောက်မေးမြန်းခဲ့တဲ့ အလှူရှင်တွေကတော့ အမေရိကန်နိုင်ငံ၊ ကနေဒါနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဆွီဒင်နိုင်ငံ၊ နယူးဇီလန်နိုင်ငံနဲ့ ဗြိတိန်နိုင်ငံတွေက အကူအညီပေးနေတဲ့ အလှူရှင်အဖွဲ့အစည်းတွေဖြစ်ပြီး ဒုက္ခသည်စခန်းထဲမှာရှိတဲ့ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ အမျိုးသမီးအစည်းအရုံး၊ လူမှုအခြေပြုအဖွဲ့အစည်းက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကရင်နီဒုက္ခသည်စခန်းတွင်းမှာ ပညာသင်ကြားပေးနေတဲ့ စာသင်ကျောင်းတွေနဲ့ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးနေတဲ့ နေရာတွေကိုလည်း သွားရောက်လေ့လာခဲ့ကြတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်အတွင်းမှာ ကရင်နီ ဒုက္ခသည်စခန်း ၁ နဲ့ ၂ စခန်း ၂ ခုရှိပြီး ဒုက္ခသည်ဦးရေ ၁၆၀၀၀ ကျော် နေထိုင်လျက်ရှိတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org