ဒေါက်တာလဲ့လဲ့မော်အမှု အယူခံ ဧပြီလ ၂၂ ရက်နေ့ ဆုံးဖြတ်မည်

အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုခံထားရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ရဲ့ အာမခံလျှောက်ထားချက်ကို လာမယ့် ဧပြီ ၂၂ ရက်နေ့မှာ ဆုံးဖြတ်သွားမယ်လို့ တနင်္သာရီတိုင်း တရားလွှတ်တော်က ဒီနေ့ ပြောလိုက်ပါတယ်။

ဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော်ဟာ ဒီနေ့ ဒုတိယအကြိမ် ရုံးချိန်းမှာ ရှေနေ့ကတင်ဆင့် ကျန်းမာရေး အခြေ အနေအရ ရင်သားကင်ဆာရောဂါရှိတာအပါအဝင်၊ သက်သေခံ စာရွက်စာတမ်းတွေကို သူကိုယ်တိုင်ရှာဖွေဖို့ လိုအပ်ပြီး အမှုကိုပြန်လည်ရင်ဆိုင် ဖြေရှင်းနိုင်မှာဖြစ်တာကြောင့် အာမခံလျှောက်ထားခဲ့ရာမှာ တိုင်းတရား လွှတ်တော်က နောက်တစ်ကြိမ် ရုံးချိန်းမှ ဆုံးဖြတ်ချက်ချမယ်လို့ အသိပေးခဲ့တာဖြစ်ပါတယ်။

ဒီလို့အာမခံလျှောက်ထားတာကို အစိုးရဘက်က တရာလိုရှေ့နေတွေဘက်က ကန့်ကွက်ခဲ့ပြီး နောက်တစ်ကြိမ် ရုံးချိန်းကို ဧပြီလ ၁၁ ကို ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကေ်ာမရှင်က အဂတိလိုက်စားမှုတွေရှိတယ်ဆိုပြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အပါအဝင် GGS ကုမ္ပဏီက တာဝန်ရှိသူ ၃ ဦးကို အဂတိလိုက်စားမှု ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။