မြစ်ဆုံစီမံကိန်း ပြည်သူရဲ့သဘောအတိုင်းသာ ဖြစ်ကြောင်း ဒေါက်တာ ဇော်မြင့်မောင် ပြော

2019-01-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မန္တလေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကို တွေ့ရစဉ်
မန္တလေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ သဘောထားက ပြည်သူနဲ့ တစ်သားတည်းပဲရှိကြောင်း၊ ပြည်သူကိုပဲ မျက်နှာမူမှာဖြစ်ကြောင်း ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ၂ ဖြစ်တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က သူ့ရဲ့ တာချီလိတ်ခရီးစဉ်မှာ မနေ့က ပြောကြားခဲ့ပါတယ်။

ဒေါက်တာ ဇော်မြင့်မောင်က မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ ဘယ်လိုသတင်းမျိုးတွေပဲ ထွက်ထွက် NLD ပါတီကတော့ ပြည်သူ့အကျိုးကိုပဲ ရှေးရှုလုပ်ဆောင်ကြောင်း၊ ပြည်သူတွေနဲ့ ဆန့်ကျင်တာ မလုပ်ကြောင်း မနေ့က တာချီလိတ်ကို ရောက်ရှိချိန်မှာ ရွှေတြိဂံဒေသ သတင်းဌာနရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

NLD ပါတီ အစိုးရတာဝန်လွှဲပြောင်းရယူခဲ့ပေမယ့် မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ တရုတ်နိုင်ငံနဲ့ တပ်မတော်အစိုးရတို့အကြား ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို ဖတ်ရှုခွင့်မရခဲ့ကြောင်း၊ ဒါကြောင့် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းပြီး စိစစ်လေ့လာနေတာ ပြီးစီးတော့မှာဖြစ်ကြောင်း၊ မကြာခင်မှာ အဖြေပေါ်လာတော့မှာဖြစ်ကြောင်းလည်း ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျှံရဲ့ ဒီဇင်ဘာလအတွင်းက မြစ်ကြီးနားခရီးစဉ်မှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်စတင်ဖို့ နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေကို ဖိအားပေးပြောဆိုတာတွေ ရှိခဲ့တာကြောင့် ပြည်သူတွေအကြား ဝေဖန်တာတွေ ပြန်လည်ထွက်ပေါ်ခဲ့သလို လက်ရှိ NLD အစိုးရကိုလည်း မေးခွန်းထုတ်တာတွေ ရှိလာခဲ့တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇင်မာဝင်း ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့