ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေမူကြမ်း အပေါ် ပြန်ကြားရေးဝန်ကြီး အကောင်းမြင်


2013.08.12
draf-media-law--305.JPG ရန်ကုန်မြို့၊ Park Royal ဟိုတယ်မှာ သြဂုတ်လ ၁၂ ရက်နေ့ကကျင်းပတဲ့ စာနယ်ဇင်းကောင်စီ(ယာယီ) နဲ့ ဝန်ကြီး ဦးအောင်ကြည်တို့ရဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲကို တွေ့ရစဉ်
photo: RFA/ Kyaw Zaw Win

ပြန်ကြားရေးန်ကြီးဌာနက လွှတ်တော်မှာ တင်သွင်းထားတဲ့ ပုံနှိပ်ထုတ်ေခြင်း ဥပဒေမူကြမ်းဟာ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အတွက် အထောက်အကူပြုတဲ့ ဥပဒေဖြစ်လိမ့်မယ် လို့ ယူဆကြောင်း ပြန်ကြားရေးန်ြကီးဌာန န်ြကီး ဦးအောင်ကြည်က ဒီေန့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ Park Royal ဟိုတယ်မှာကျင်းပတဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ န်ြကီး ဦးအောင်ကြည်တို့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ န်ြကီး ဦးအောင်ကြည်က အခုလိုပြောလိုက်တာဖြစ်ပါတယ်။

"အမှန်အတိုင်း ကျနော်တို့ရဲ့ လိုလားချက်ကို ဖြေရမယ်ဆိုလို့ရှိရင် ဒီဥပဒေဟာ စာနယ်ဇင်းကောင်စီအတွက် အထောက်အကူတဲ့ ဥပဒေလို့ ဖြေချင်ပါတယ်၊ ဒီဥပဒေသာ ပြဌာန်းပေးမယ်ဆိုလို့ရှိရင် စာနယ်ဇင်းကောင်စီကသွားချင်တဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ထိန်းကျောင်းမှုကို များစွာအထောက်အကူပြုစေလိမ့်မယ်လို့ ယုံကြည်ပါတယ်"

အဲဒီသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက အစိုးရပြန်ကြားရေး န်ြကီးဌာနနဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) တို့အကြား မီဒီယာလွတ်လပ်ခွင့်နဲ့တ်သက်ြပီး သဘောထား မတူညီမှုေတွကို မေးမြန်းရာမှာ န်ြကီး ဦးအောင်ကြည်က ဖြေကြားခဲ့တာပါ။

ပြန်ကြားရေးန်ြကီးဌာနက လွှတ်တော်မှာတင်သွင်းထားတဲ့ ပုံနှိပ်ထုတ်ေခြင်း ဥပဒေမူကြမ်းကို စာနယ်ဇင်းကောင်စီ (ယာယီ)က ပြန်လည်သုံးသပ်ပေးဖို့ ေလာလောဆယ်မှာ တင်ပြထားသလို၊ စာနယ်ဇင်းကောင်စီ (ယာယီ) ကလည်း သူတို့ ရေးဆွဲထားတဲ့ မီဒီယာဥပဒေမူကြမ်းကို လွှတ်တော်မှာတင်သွင်းဖို့ ကြိုးပမ်းနေပါတယ်။

ဒီေ့ သတင်းစာရှင်းလင်းပွဲမတိုင်ခင် နှစ်ဘက်တံခါးပိတ်ဆွေးနွေးခဲ့ကြပြီး သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါမှာ စာနယ်ဇင်းကောင်စီ (ယာယီ) ဘက်ကတော့ ရှင်းပြပြောဆိုခြင်း မရှိခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။