အမျိုးသားပညာရေးဥပဒေ မူကြမ်း ရှေ့သီတင်းပတ် ဆွေးနွေး အတည်ပြုမည်


2015.06.09
parliament-pyitaungsu-620.jpg ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်
Photo: RFA

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့အကြား သဘောထားကွဲလွဲနေတဲ့ အမျိုးသားပညာရေးဥပဒေမူကြမ်းမှာ အသွင်ကူးပြောင်းရေးကာလမှာ ပညာသင်ယူခွင့် ဆုံးရှုံးခဲ့သူတွေကို ဆက်လက်ပညာသင်ယူခွင့်ပြုဖို့ ဖြည့်စွက်ချက် ကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင်က တင်ပြခဲ့ပါတယ်။

နေပြည်တော် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးသိန်းထွန်းဦးက တင်ပြခဲ့တာဖြစ်ပါတယ်။

ဥပဒေကြမ်းရဲ့ အပိုဒ် (၅၅) ပါ မူလဥပဒေပုဒ်မ (၆၆) ကို ဥပဒေကြမ်း ပူးပေါင်းကော်မတီက အောက်ပါအတိုင်း အစားထိုး ပြင်ဆင်ပြဌာန်းသင့်ပါကြောင်း လေ့လာတွေ့ရှိရပါသည်၊ အပိုင်း(၆၆) အပိုဒ်ခွဲ(က) ဒီဥပဒေ မပြဌာန်းမီက တည်ရှိခဲ့တဲ့ကျောင်းအားလုံးသည် ဒီဥပဒေစပြီး အာဏာတည်သည့်နေ့မှ ငါးနှစ်ကာလအတွင်း ဒီဥပဒေနဲ့အညီ စတင်ဆောင်ရွက်ပြီးဖြစ်ရမည်၊ အပိုဒ်ခွဲ(ခ) အသွင်ကူးပြောင်းရေးကာလတွင် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် နစ်နာဆုံးရှုံးမှုရှိသူတိုင်း ဆက်လက်ပညာသင်ယူခွင့် ရှိစေရမည်

ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ တင်ပြမှုနဲ့ပတ်သက်ပြီး လာမယ့်သီတင်းပတ် ပြည်ထောင်စုလွှတ်တော် မှာ ဆွေးနွေးအတည်ပြုချက်ရယူမှာဖြစ်ပါတယ်။

အဲဒီဥပဒေမူကြမ်းမှာ ပညာရေးအသုံးစရိတ်ကို အစိုးရအသုံးစရိတ်ရဲ့ ၂၀ရာခိုင်နှုန်း သုံးစဲွဲဖို့၊ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေဆိုတဲ့ အသုံးအနှုန်းတချို့ကို ကျောင်းသားကိုယ်စားလှယ်တွေအဖြစ် ပြောင်းလဲသုံးနှုန်းဖို့ စတဲ့ အချက် ၅၁ ချက်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့အကြား သဘောထားကွဲလွဲနေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။