0:00 / 0:00
လွှတ်တော် ကိုယ်စားလှယ်တွေကို သီးသန့် ဆောက်လုပ်ထားတဲ့ စည်ပင်သာယာ ရိပ်သာမှာ နေရာချထားပြီး အသုံးစရိတ် အဖြစ် တယောက်ကို ကျပ်ငွေ သုံးသိန်းစီ စစ်အစိုးရက ထုတ်ပေးထားတဲ့အတွက် ကိုယ်စားလှယ်တွေ အနေနဲ့ အစားအသောက်နဲ့ နေထိုင်ရေးမှာ ပူပန်စရာ မလိုပေမယ့် သောက်သုံးရေသန့် ရရှိဖို့နဲ့ ရာသီဥတု အပြောင်းအလဲကြောင့် ကိုယ်စားလှယ်တချို့ကျန်းမာရေး ထိခိုက်နေရတယ်လို့ လွှတ်တော်အစည်းအဝေး တက်ဖို့ နေပြည်တော်ကို ရောက်ရှိနေတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။
ဒေါက်တာအေးမောင်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းပြီး တင်ပြထားတာ နားဆင်နိုင်ပါတယ်။