၂ဝ၁ဝ ရွေးကောက်ပွဲလို ခါးသီးစရာမဖြစ်စေရဘူး လို့ ကော်မရှင် ဥက္ကဌပြော


2013.10.11
election-tin-aye-b305 ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက သတင်းထောက်များကို ပြောကြားနေစဉ်
Photo: RFA

လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အတွက် လိုအပ်တဲ့အခြေခံမူတွေကို ဒီနှစ် ဒီဇင်ဘာလမှာ အပြီးရေးဆွဲမယ်လို့ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက နိုင်ငံရေးပါတီတွေ နဲ့တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေးပါတီ ၃၆ ပါတီနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးမှာ ဒီနေ့ တွေ့ဆုံစဉ် လာမယ့် ၂၁၅ ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်နေတာတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့တာပါ။

ရွေးကောက်ပွဲတုန်းကလို ခါးသီးတဲ့ အတွေ့အကြုံမျိုးတွေ လာမယ့် ၂၁၅ ရွေးကောက်ပွဲမှာ မကြုံရအောင် ကြိုးစားသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။

နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တွေကလည်း လွန်ခဲ့တဲ့ ၂ ရွေးကောက်ပွဲမှာ ကြုံတွေ့ခဲ့ရတဲ့ မဲမသမာမှုတွေ၊ ကြိုတင်မဲပြဿနာတွေကို လာမယ့် ၂၁၅ ရွေးကောက်ပွဲမှာ မဖြစ်အောင်ဆောင်ရွက်ပေးဖို့ တင်ပြခဲ့ကြပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ် င်ရောက်ရွေးချယ်ခံနိုင်ဖို့ ပေးသွင်းရတဲ့ ငွေကျပ် ၅သိန်းနဲ့ ရွေးကောက်ပွဲနောက်ပိုင်း တရားစွဲချင်တဲ့အခါ ပေးရတဲ့ငွေကျပ် ၁သိန်းတို့ကိုလျှော့ပေးဖို့ တင်ပြခဲ့ကြပါတယ်။

ဒီနေ့ တွေ့ဆုံပွဲကို ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်စတဲ့ ရန်ကုန်တိုင်းအခြေစိုက် နိုင်ငံရေး ပါတီ ၃၆ ပါတီက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲအကြောင်း RFA သတင်းထောက် မဇင်မာင်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။