၂၀၂၀ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပမယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ပြော

လာမယ့် ၂၀၂၀ပြည့်နှစ်မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာကျင်းပပေးမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ကတိပြုလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော်က Grand Amara ဟိုတယ်မှာကျင်းပတဲ့ မဲစာရင်းပြုစုခြင်း ဆရာဖြစ်သင်တန်းဖွင့်ပွဲအပြီးမှာ RFA သတင်းဌာနရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တာပါ။

ဒါ့အပြင် ရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှုနဲ့ ရွေးကောက်ပွဲ ရလဒ်ဟာ ပြည်သူ့ဆန္ဒနဲ့ တထပ်တည်းဖြစ်ရမယ်ဆိုတဲ့ အချက် ငါးချက် ပေါ်မူတည်ဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။