ရွေးကောက်ပွဲဥပဒေ သင်တန်းတွေ စတင်ပို့ချ
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေကို ဒီနေ့ ကစပြီး အလှည့်ကျစနစ်နဲ့ နေပြည်တော်မှာ နှစ်ရက်ကြာ သင်တန်းတွေ ပို့ချနေပါတယ်။
-
2015-05-07 -
-
-
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက် ပွဲဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေ ကို ဒီနေ့ကစပြီး အလှည့်ကျစနစ်နဲ့ နေပြည်တော် မှာ နှစ်ရက်ကြာ သင်တန်းတွေ ပို့ချနေပါတယ်။
ကြိုတင်မဲပြဿနာတွေနဲ့ ရွေးကောက်ပွဲအငြင်းပွားမှုတွေ အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သင်တန်း တက်ရောက်နေတဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဒုတိယ ဥက္ကဌ ဦးတင်ဆွေက ပြောပါတယ်။
"ရွေးကောက်ပွဲ မဲဆွယ်ကာလအကြောင်းရယ်၊ အဓိကက ၂ဝ၁ဝ လို အဖြစ်မခံနိုင်ဘူး ကြိုတင်မဲကိစ္စကို အဓိကထားပြီးပြောတာ"
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေး ပါတီတွေကို ဖိတ်ကြားပြီး သင်တန်းပေးတာ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး ပထမအသုတ်အနေနဲ့ ဒီနေ့ နိုင်ငံရေးပါတီ ၁၀ခုက ခေါင်းဆောင်တွေကို ဖိတ်ကြားရာမှာ ပါတီ ၉ခုက ခေါင်းဆောင်တွေ တက်ရောက် ခဲ့ပါတယ်။
ဒီနေ့ သင်တန်းကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ၀ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ကရင်ပြည်သူ့ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ စတဲ့ ပါတီ ၉ ခုက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပြီး ကိုးကန့်ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီက တက်ရောက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။