ပြည်သူတွေအပေါ် စစ်အစိုးရ ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းသင့်

အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ နိုင်ငံတချို့က မြန်မာ စစ်အစိုးရအပေါ် အရေးယူ ဒဏ်ခတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေဟာ ပြည်သူလူထုကို ထိခိုက်နေတဲ့အတွက် ပြန်လည် ရုပ်သိမ်းသင့်တယ်လို့ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စား လှယ် တချို့ အပါအဝင် ပြည်တွင်း နိုင်ငံရေးသမား တချို့က ပြောဆိုနေကြပါတယ်။

2011.01.01
people_barbed_wire_305_z ရန်ကုန်မြို့လယ်တွင် ချထားသော သံဆူးကြိုး အရံအတားများကြားမှာ နေ့စဉ် သွားလာ လှုပ်ရှားနေကြရသော မြန်မာ ပြည်သူများ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ကလည်း The New York Times သတင်းစာမှာ ဆောင်းပါးရှင် Philip Bowring ဆိုသူက စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပါ ဆိုတဲ့ ဆောင်းပါး ရေးသားလာတာ တွေ့ရပါတယ်။

ဒီ အတောအတွင်းမှာပဲ စစ်အစိုးရ ကိုယ်တိုင်က မြန်မာပြည်သူတွေ အပေါ် စီးပွားရေး၊ ပညာရေး၊ လူမှုရေး ပိတ်ဆို့ထားတာတွေ ရှိနေပြီး အဲဒီ အကြောင်းကိုလည်း ထုတ်ပြောသင့်တယ်လို့ ဒီမိုကရေစီ အင်အားစုတွေက ပြောဆိုကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ရှေ့နေလိုင်စင် ရုပ်သိမ်းခံထားရတဲ့ ဥပဒေ အကြံပေး ဦးအောင်သိန်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။