တိုင်းရင်းသားလူမျိုးများ ညီလာခံ ချင်းမိုင်မြို့တွင် ကျင်းပ

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအဝင် ပြည်တွင်း ပြည်ပမှာရှိတဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ လူထုအခြေပြု အဖွဲ့အစည်း အဖွဲ့ဝင်တွေနဲ့ ပညာရှင်တချို့ပါဝင်တဲ့ တိုင်းရင်းသားလူမျိုးများ ညီလာခံတစ်ရပ်ကို ဒီကနေ့ စက်တင်ဘာ ၁၄ ရက်နေ့ကစပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေပါတယ်။

၃ ရက်ကြာ ကျုင်းပမယ့် ဒီညီလာခံမှာ ကိုယ်စားလှယ် ၁၅၀ ခန့် တက်ရောက်နေပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံ လိုလားတဲ့၊ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်တောင်စုစနစ်၏ လမ်းညွန်အခြေခံမူများ ဆိုတဲ့ စာတမ်းကို အဓိကဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

ညီလာခံမှာ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ ပြည်နယ်တွေမှာရှိတဲ့ Civil Society လူထုအခြေပြု အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်နေကြသလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KNU/ KIO/ CNF/ SSPP/ RCSS/ KNPP/ NMSP/ စတဲ့ အဖွဲ့တွေက ခေါင်းဆောင်တွေလည်း တက်ရောက်နေကြတာ ဖြစ်ပါတယ်။

ဒီညီလာခံဖြစ်မြောက်ဖို့အတွက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့( Working group for Ethnic Coordination- WGEC) ကနေ ဦးဆောင်စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org