လွိုင်ကော်မှာ တိုင်းရင်းသားညီလာခံ ကျင်းပ


2015.05.11

ကယားပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီသုံးခုဖြစ်တဲ့ ကယန်းအမျိုးသားပါတီ၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်)နဲ့ ကယားလူမျိုးစု ဒီမိုကရေစီပါတီတို့ ပူးပေါင်းပြီး ပထမအကြိမ် တိုင်းရင်းသားညီလာခံကို လွိုင်ကော်မြို့မှာ ဒီကနေ့ စတင်ကျင်းပနေပါတယ်။

ကယားပြည်နယ် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) ဒုတိယဥက္ကဌ ဦးအောင်နိုင်ဦးက ပြောပါတယ်။

"အဓိကပြည်သူလူထုရဲ့ လိုလားချက်ပေါ့ ဒေသဖွံ့ဖြိုးရေးပေါ့၊ ပညာရေး၊ ကျန်းမာရေး၊ ငြိမ်းချမ်းရေးရယ်၊ ဖွံ့ဖြိုးရေးရယ် ဆွေးနွေးနေတယ်လေ"

ညီလာခံကို ကယားပြည်နယ်အတွင်းက လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆို၊ ရှားဒေါ စတဲ့မြို့နယ် ၇ မြို့နယ်က ကိုယ်စားလှယ် ၃၀၀ လောက် တက်ရောက်ခဲ့ပြီး၊ လာမယ့် မေလ ၁၄ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

ကယန်းအမျိုးသားပါတီ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်)နဲ့ ကယားလူမျိုးစု ဒီမိုကရေစီပါတီတွေဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရေးအတွက် ပါတီတစ်ခုနဲ့တစ်ခု အပြန်အလှန်ကူညီဖို့ မဟာမိတ်ဖွဲ့ထားတဲ့ပါတီတွေ ဖြစ်ပါတယ်။

ညီလာခံအကြောင်း RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။