အီးယူ- ဥရောပသမဂ္ဂ၊ ရွေးကောက်ပွဲစောင့်ကြည့်ရေးဆိုင်ရာ နောက်ဆက်တွဲ ဆက်လက်ဆောင် ရွက်ရေး ကိုယ်စားလှယ်အဖွဲ့ကို ဒီနှစ် မတ်လ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံကို စေလွှတ်တယ်လို့ အီးယူက သတင်း ထုတ်ပြန်ပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးချိန်ကစလို့ ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေးအတွက် အီးယူ-ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့က အကြံပေးခဲ့တာတွေကို အကောင်အထည် ဖော်ဆောင်ရွက်တဲ့ အခြေအနေကို လေ့လာဖို့ ဖြစ်ပါတယ်။
အီးယူအဖွဲ့ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ လွှတ်တော်၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့ အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ နည်းပညာရပ်ဆိုင်ရာ ကူညီပံ့ပိုးသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
