EU ရွေးကောက်ပွဲ စောင့်ကြည့်ရေး ပထမအသုတ် ရန်ကုန်က စတင်ထွက်ခွာ


2015-10-11
Share

မြန်မာနိုင်ငံ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအတွက် EU ဥရောပသမဂ္ဂ က လေ့လာ စောင့်ကြည့်ရေးအဖွဲ့ဝင် စုစုပေါင်း ၁၅ဝ စေလွှတ်ထားရာမှာ၊ ဒီနေ့ အဖွဲ့ဝင် ၃ဝ ပါ ပထမဆုံး အသုတ်ဟာ ရန်ကုန်မြို့ကနေ စတင်ထွက်ခွာ သွားပြီဖြစ်ပါတယ်။

အီးယူ လေ့လာရေးအဖွဲ့ဟာ မြန်မာနိုင်ငံတဝှမ်းက ရွေးချယ်ထားတဲ့ နေရာအသီးသီးမှာ မဲပေးပုံ၊ မဲရေတွက်ပုံ၊ မဲရလဒ်အပေါ် တုံ့ပြန်ပုံ စတဲ့ ရွေးကောက်ပွဲ ဖြစ်စဉ် ရဲ့ အဓိက မျက်နှာစာတွေကို စောင့်ကြည့်လေ့လာ ကြမှာ ဖြစ်ပါတယ်။

အီးယူလေ့လာသူတွေဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြင်ဆင်မှုတွေ၊ မဲရုံတာဝန်ခံတွေကို လေ့ကျင့်ပေး ပုံတွေ၊ နိုင်ငံရေးပါတီတွေရဲ့ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးပုံ၊ ပါတီတွေ လွတ်လပ်စွာ စုရုံးခွင့်၊ လှုပ်ရှားခွင့်၊ ပြောဆို ခွင့် ရှိမရှိ စတာတွေကိုလည်း စောင့်ကြည့်ကြမှာဖြစ်တယ်၊ ဒါပေမဲ့ အီးယူ စောင့်ကြည့်လေ့ လာရေးကြောင့် ရွေးကောက်ပွဲဖြစ်စဉ် မထိခိုက်စေရဘူး လို့ EU ဥရောပသမဂ္ဂ လေ့လာစောင့်ကြည့်ရေးအဖွဲ့ လက်ထောက်အကြီးအကဲ Mark Stevens က ပြောပါတယ်။

EU ဥရောပသမဂ္ဂ က လေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့တွေ့ရှိချက်တွေကို ရွေးကောက်ပွဲ အပြီး၊ ထုတ်ပြန်မှာဖြစ် ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ကိုကိုကျွန်းမြို့ကနေ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်ဖို့ အတွက် ဒီကနေ့ ကိုကိုးကျွန်းကို သွားဖို့ ဖြစ်ပေမဲ့၊ စီစဉ်ပေးနိုင်သူ မရှိတာကြောင့် မသွားနိုင်ဖြစ် နေပါတယ်။

NLD ပါတီက ကိုကိုးကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမင်း ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့