ရေဘေးသင့်မြန်မာပြည်သူတွေအတွက် ယူရို တစ်သန်းကျော် EU ကူညီ

မြန်မာနိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ရာဂီတိုက်ခတ်မှုကြောင့် ဖြစ်လာတဲ့ ရေကြီးရေလျှံမှုဒဏ် ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် ဥရောပသမဂ္ဂ (အီးယူ) ကနေ လူသားချင်းစာနာမှု အရေးပေါ် အကူအညီ ယူရိုငွေ ၁.၂ သန်း ပေးအပ်သွားမယ်လို့ စက်တင်ဘာ ၁၉ ရက်နေ့က ကြေညာလိုက်ပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် ထိခိုက်ခံစားရသူတွေအတွက် ဝမ်းနည်းကြောင်းနဲ့ ဒီရန်ပုံငွေတွေကို မြန်မာနိုင်ငံက ထိခိုက်အလွယ်ဆုံး လူ့အဖွဲ့အစည်းတွေအတွက် အကူအညီပေးဖို့ ပေးအပ်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အီးယူအနေနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် အကူအညီတွေကို ထိထိရောက်ရောက် ဖြန့်ဖြူးပေးအပ်နိုင်ဖို့ ဒေသတွင်းက မိတ်ဖက် အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။